ပခုက္ကူမြို့နယ်အတွင်း၌ အမျိုးသမီး(၅)ဦးအား ဒလန်ဟုစွပ်စွဲကာ PDF (၆)ဦးက သေနတ်၊ ဓါးများဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ဟု နစကထုတ်ပြန်
NSS - ဇွန် ၂၁
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း၌ အမျိုးသမီး(၅)ဦးအား ဒလန်ဟုစွပ်စွဲကာ PDF (၆)ဦးက သေနတ်၊ ဓါးများဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ယနေ့(ဇွန်လ ၂၁ ရက်) ၊ နံနက် ၁ နာရီခွဲအချိန်ခန့်တွင် ပခုက္ကူမြို့နယ်၊ ပေါက်တောကျေးရွာရှိ ဦးဇော်ထက်၏ နေအိမ်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
PDF အမည်ခံအကြမ်းဖက်သမား(၆)ဦးသည် သေနတ်၊ ဓါးများကိုင်ဆောင်ကာ ဦးဇော်ထက်၏ နေအိမ်သို့ ရောက်ရှိလာပြီးနောက် မိသားစုများကို သတင်းပေး/ဒလန်ဟု အော်ဟစ်စွပ်စွဲ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ PDF များက မေးမြန်းမှုများပြုလုပ်နေစဉ်အချိန်တွင် ဦးဇော်ထက်သည် နေအိမ်နောက်မှ ထွက်ပြေးတိမ်းရှောင်ခဲ့သည့်အတွက် လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
သို့သော် ၎င်းမိသားစုဝင်များဖြစ်သည့် အမျိုးသမီး(၅)ဦးကို အကြမ်းဖက်သမားများက သေနတ်၊ ဓါးများဖြင့် လုပ်ကြံခဲ့သည့်အတွက် ရရှိခဲ့သော ဒဏ်ရာများဖြင့်ပင် သေဆုံးသွားခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းကဲ့သို့ လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့သော အမျိုးသမီး(၅)ဦးသည် တောင်သူအလုပ် လုပ်ကိုင်ကာ ကျေးရွာအတွင်း၌ အေးချမ်းစွာနေထိုင်ကြသူများဖြစ်ကြောင်းလည်း နစကမှ ဆိုထားသည်။
လက်ရှိတွင် အထက်ပါ PDF အမည်ခံအကြမ်းဖက်သမားများကို ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြေပြင်သတင်းစုံစမ်းစစ်ဆေးကာ ဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သော ကာလများအတွင်း၌လည်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့၌ မိသားစုလိုက် အစုလိုက်အပြုံ လိုက် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့်ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတကာပွဲပေါင်း(၂ဝဝ) ကစားခဲ့သည့် ပထမဆုံးသောကစားသမားအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း