Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆရာ/ဆရာမများနှင့် စာသင်ကျောင်းများကို ခြိမ်းခြောက်သတ်ဖြတ်ဖျက်ဆီးနေမှုများသည် အမှောင်ခေတ်ကို ပြန်သွားရန် လုပ်ဆောင်နေခြင်းဖြစ်ဟု နိုင်ငံရေးပါတီများဝေဖန်

သတင်းအဖွဲ့ (NSS) - ဇွန် ၁၉

ဆရာ/ဆရာမများနှင့် စာသင်ကျောင်းများကို ခြိမ်းခြောက်သတ်ဖြတ်ဖျက်ဆီးနေမှုများသည် အမှောင်ခေတ်ကိုပြန်သွားရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးပါတီများက ဝေဖန်ပြောဆိုလိုက်သည်။

ယခုရက်ပိုင်း ဇွန်လ ၁၇ ရက်တွင် မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဆရာမတစ်ဦးဖြစ်သော ဒေါ်ခင်မင်းဦးအား PDF (၇)ဦးက သေနတ်ဖြင့် ပစ်သတ်ကာ ရွှေထည်လက်ဝတ်ရတနာများကို လုယက်ယူဆောင်မှုဖြစ်ပွားခဲ့သည်။

ထို့ပြင် ယခု ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့်ကာလအတွင်း၌ စာသင်ကျောင်းများ ဖောက်ခွဲဖျက်ဆီးခံရမှုများရှိခဲ့သည့်အပြင် ဆရာ/ဆရာမများ ဖမ်းဆီးရခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခံရခြင်းများရှိခဲ့သည်။

ဆရာ/ဆရာမများအား အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် စာသင်ကျောင်းများအား ဖောက်ခွဲဖျက်ဆီးသည့်လုပ်ရပ်များကို မလုပ်သင့်ကြောင်းနှင့် မဖြစ်သင့်ကြောင်း နိုင်ငံရေးပါတီများက သုံးသပ်ပြောဆိုထား သည်။

“အမှောင်ခေတ်ကို ပြန်သွားစေချင်တဲ့ တွန်းအားတွေလို့ပဲ မြင်တယ်။ အဲဒါမျိုးက ပြီးခဲ့တဲ့ လွတ်လပ်ရေးခေတ်ဦးကာလ ကွန်မြူနစ်ဝါဒကြီးစိုးတဲ့အချိန်မှာ ရခိုင်ဒေသမှာလည်း အကြီးကြီးဖြစ်ဖူးတယ်။ စာသင် ကျောင်းတွေကို အဲဒီလို ပစ္စည်းမဲ့ဝါဒီတွေက ဖြိုတာ၊ ဖျက်တာ၊ စာသင်ရင် ဖမ်းတာဆီးတာ ကြုံခဲ့ဖူးတယ်။ အဲဒါကို ပညာအမှောင်ခေတ်လို့ သုံးလို့ရတာပေါ့။ အဲဒီလိုမျိုး အခုတစ်ခါပြန်ပေါ်လာတာ နိုင်ငံအတွက် မကောင်းတဲ့ဘက်ကို ဦးတည်တာပေါ့”ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က NP News ကို သုံးသပ်ပြောဆိုထားသည်။

စာသင်ကျောင်းများ ဖွင့်လှစ်ထားရန် လိုအပ်ကြောင်းနှင့် ဆရာ/ဆရမများနှင့် ကျောင်းသား/ကျောင်းသူများသည် စာသင်ခန်းများအတွင်း ရောက်ရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဟုလည်း ဒေါက်တာအေးမောင်က ဆိုသည်။

ထို့ပြင် ၎င်းက ဆရာ/ဆရာမများကို အကြမ်းဖက်သတ်ဖြတ်ခြင်းသည် အလွန်ရမ်းကားသော အပြုအမူမျိုးဖြစ်ပြီး ကိုယ့်မိဘကိုယ် ပြန်သတ်ခြင်းမျိုးဖြစ်ကြောင်းလည်း သုံးသပ်ပြောဆိုထားသည်။

“ကိုယ့်က အုပ်ချုပ်မှ ကိုယ့်တို့ရဲ့မျိုးဆက်တွေကို ပညာသင်ကြားခွင့်ရှိမယ်။ အုပ်ချုပ်ခွင့်မရရင် မျိုးဆက်တစ်ခုလုံးကို ပညာဉာဏ်တုံးသွားအောင်၊ မျိုးဆက်အလိုက် တုံးသွားအောင် အဲဒါမျိုး ရည်မှန်းပြီးတော့၊ ရည်စူးပြီးတော့ မလုပ်အပ်ဘူး” ဟု ဒေါက်တာအေးမောင်က ဆက်လက်ဝေဖန်ထားသည်။

အလားတူ ဆရာ/ဆရာမများနှင့် စာသင်ကျောင်းများကို သတ်ဖြတ်ဖျက်ဆီးနေသော အပြုအမူများနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းက ၎င်းလုပ်ရပ်များသည် မဖြစ်သင့်ကြောင်းလည်း NP News ကို ပြောဆိုထားသည်။

“နိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဒီကိစ္စတွေက အလွန်ဆိုးရွားပါတယ်။ ဒီလိုဖြစ်တဲ့အတွက်ကြောင့် လုပ်တဲ့သူတွေ အဖို့ကတော့ သူတို့ ဘာမျှော်ကိုးပြီး လုပ်တယ်ဆိုတာတော့ ကျွန်တော် မပြောလိုဘူး။ သို့သော် ဒါတွေက အကြမ်းဖက်တာ ဖြစ်ပါတယ်။ အဲဒီတော့ တိုင်းပြည်နဲ့လူမျိုးအတွက် ကြည့်မယ်ဆိုရင်တော့ လူသားအရင်းအမြစ်တွေကို စပြီးမွေးထုတ်ပေးတဲ့ ဌာနတွေကို တမင်တကာ ရည်ရွယ်ပြီးတော့ တိုင်းပြည်တစ်ခုခုဖြစ်အောင် လူသားအရင်းအမြစ်တွေ စာတတ်ပေတတ်တွေ မဖြစ်လာအောင် ရည်ရွယ် ချက်ရှိရှိလုပ်နေတယ်လို့ မြင်ပါတယ်”ဟု ဦးလှသိန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် နိုင်ငံအတွင်း၌ ပဋိပက္ခများဖြစ်ပွားကာ အကြမ်းဖက်သတ်ဖြတ်သည့်ဖြစ်စဉ်များ အများအပြားရှိခဲ့သည်။

ထိုသို့ အကြမ်းဖက်သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များထဲတွင် စာသင်ကျောင်းများ၌ ပညာသင်ကြားပေးနေသည့် ဆရာ/ဆရာမများပါဝင်ခဲ့ပြီး ဆရာ/ဆရာမဦးရေ (၁ဝဝ)နီးပါးအထိ အကြမ်းဖက်သတ်ဖြတ်ခံထားရသည်။

“ဘယ်သူပဲဖြစ်ဖြစ်ပေါ့ တရားမဲ့ အလုပ်ခံရတယ်ဆိုတဲ့ဟာက ကောင်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ အထူးသဖြင့် ဆရာ/ဆရာမတွေ ဆိုတာက အများကို ဒုက္ခပေးတာမဟုတ်ဘဲနဲ့ တိုင်းပြည်ရဲ့ အနာဂတ်အညွန့်အဖူးလေးတွေကို ပြုစုပျိုးထောင်ပေးနေတဲ့ အပိုင်းတွေပေါ့။ အဲဒီအပိုင်းတွေကို လုပ်တာကတော့ တိုင်းပြည်အတွက် ကောင်းတဲ့အလားအလာမဟုတ်ဘူး။ လက်ခံသင့်တဲ့ ကိစ္စမဟုတ်ဘူး” ဟု တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီမှ အထွေထွေအတွင်းရေးမှူးဦးထွန်းရီက NP News ကို သုံးသပ်ပြောဆိုထားသည်။

စာသင်ကျောင်းများနှင့် ဆရာ/ဆရာမများကို ဖျက်ဆီးသတ်ဖြတ်ခြင်းလုပ်ရပ်များသည် အနာဂတ်တိုင်းပြည်၏ ကံကြမ္မာကို အဆိုးဘက်သို့ တွန်းပို့ခြင်းဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ အပြုအမူများကို လက်မခံသင့်ကြောင်းလည်း ဦးထွန်းရီက ထပ်မံ သုံးသပ်ထားသည်။

“တကယ့်တကယ် ပြောကြမယ်ဆိုရင်တော့ ကျန်တဲ့ဟာကိုမကျေနပ်တာနဲ့ ဒီကလေးတွေရဲ့ တက်လမ်းပေါ့။ ဒီကလေးတွေကို ပြုစုပျိုးထောင်ပေးနေတဲ့ ဥယျာဉ်မှူးတွေကို ဒုက္ခပေးတယ်ဆိုတာကတော့ ဘာမှတော့ ဆိုင်တဲ့ကိစ္စမဟုတ်ဘူး။ လက်ခံသင့်တဲ့ကိစ္စ မဟုတ်ဘူးလို့ပဲ သဘောထားပါတယ်။ သူတို့တိုင်းပြည်တာဝန်ယူတဲ့အချိန်မှာလည်း ဒီကလေးတွေက တိုင်းပြည်အတွက်လိုတဲ့ ကလေးတွေဖြစ်လာမှာပေါ့။ ဒီအစိုးရလက်ထက်မှာ ဒီကလေးတွေကျောင်းတက်ပေမယ့် ဒီကလေးတွေဟာ ဒီအစိုးရအတွက် တစ်သက်လုံး လုပ်သွားမယ်ဆိုတဲ့ အာမဘန္တေနဲ့ လုပ်ကြတာမှမဟုတ်ဘဲ။ အမှန်ကတော့ အတွေးတွေ မှားနေတဲ့ သဘောပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၌ ဖြစ်ပွားနေဆဲ နိုင်ငံရေးပဋိပက္ခများအတွင်း မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း ခံထားရသည့် စာသင်ကျောင်းအရေအတွက်သည် ရာနှင့်ချီရှိကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ်သိန်း(၆ဝဝဝ)နီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved