(၅)လအတွင်း ယာဉ်တိုက်မှုပေါင်း(၂ဝဝဝ)ကျော်ဖြစ်ပွားခဲ့ပြီး ယခင်နှစ်ထက် အကြိမ်ရေ (၅ဝဝ)နီးပါးကျဆင်း
စော (NSS) - ဇွန် ၁၉
(၅)လအတွင်း ယာဉ်တိုက်မှုပေါင်း (၂ဝဝဝ)ကျော်ဖြစ်ပွားခဲ့ပြီး ယခင်နှစ်ထက် ယာဉ်တိုက်မှုအကြိမ်ရေ (၅ဝဝ)နီးပါးကျဆင်းခဲ့ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏အချက်အလက်များအရ သိရသည်။
၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်း မြန်မာတစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုပေါင်း (၂၁၇၃) ကြိမ် ဖြစ် ပွားခဲ့ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ထို့ပြင် ပြီးခဲ့သည့် (၂ဝ၂၂)ခုနှစ်၏ အလားတူကာလအတွင်း ယာဉ်တိုက်မှုပေါင်း (၂၆၇၁)ကြိမ် ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ (၃၆၁၈)ဦးရှိခဲ့ပြီး သေဆုံးသူစုစုပေါင်း(၁၃ဝ၄)ဦးရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ်သည် ယာဉ်တိုက်မှုအကြိမ်ရေ (၄၉၈) ကျဆင်းခဲ့ပြီး လူသေဆုံးမှုအနေဖြင့် (၁၄၂)ဦး လျော့နည်းခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
ယာဉ်တိုက်မှုများကြောင့် ယခုနှစ် ငါးလအတွင်း စုစုပေါင်း (၃ဝ၄၉)ဦး ဒဏ်ရာရရှိခဲ့ပြီး လူ(၁၁၆၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဥ်တိုက်မှုများအနက် ရန်ကုန်တိုင်းတွင် ယာဉ်တိုက်မှုပေါင်း (၃၆၅)ကြိမ်ဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုအနေဖြင့် (၁၈၁)ဦးရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧရာဝတီတိုင်းသည် ယာဉ်တိုက်မှုပေါင်း (၃၄၉)ကြိမ်ဖြင့် ဒုတိယအများဆုံးဖြစ်ပွားခဲ့ကာ လူသေဆုံးမှုအနေဖြင့် (၁၁၈)ဦးရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ကြီးတံခွန်မြို့ရှိ ဆိုင်ကယ်အပိုပစ္စည်းများ သိုလှောင်သည့် နေအိမ်၌ မီးလောင်မှု နှစ်ရက်ဆက်တိုက်ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း