အမြန်လမ်းရှိ ရဲကင်းစခန်း(သာဂရ)ကို အကြမ်းဖက်သမား(၃)ဦးက လက်လုပ်စိန်ပြောင်းဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်
NSS - ဇွန် ၁၉
ရန်ကုန်-မန္တလေးအမြန်လမ်းဘေးရှိ ရဲကင်းစခန်း(သာဂရ)ကို အကြမ်းဖက်သမား(၃)ဦးက လက်လုပ်စိန်ပြောင်းဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်သည် ပြီးခဲ့သော ဇွန်လ ၁၆ ရက်၊ ည ၁၂ နာရီအချိန်ခန့်တွင် ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၁၇၃)အနီးရှိ အမြန်လမ်းရဲကင်းစခန်း(သာဂရ)၌ ဖြစ်ပွားခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
အကြမ်းဖက်သမား(၃)ဦးခန့်သည် ရဲကင်းစခန်း၏ အနောက်ဘက် မီတာ (၃ဝဝ)ခန့်အကွာမှတစ်ဆင့် လက်လုပ်စိန်ပြောင်း ဗုံးသီး(၂)လုံးဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း နစကမှ ဆိုထားသည်။
ထိုသို့ စတင်ပစ်ခတ်မှုအပေါ် ရဲကင်းစခန်းဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ချိန်တွင် အကြမ်းဖက်သမားသည် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
၎င်းကဲ့သို့ ပစ်ခတ်မှုဖြစ်စဉ်အတွင်း ရဲစခန်းဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်းနှင့် လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးရာနောက်သို့ လိုက်လံရှင်းလင်းနေကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကယားပြည်နယ်ထဲက ထွက်လာတဲ့ အက်ကြောင်းသံ၊ ပခုက္ကူမှာ ဆရာမတစ်ဦး အသတ်ခံရပြီး လူမမယ်ကလေးကျန်ခဲ့၊ လူပြောများနေတဲ့ မသဲစုကိစ္စ (၁၈-၆-၂ဝ၂၃)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း