ယူကရိန်းစစ်ပွဲက အရေးကြီးဆုံးအခြေအနေကို ရောက်ရှိနေဟု အမေရိကန်သမ္မတပြော
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၇
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး လက်ရှိအချိန်ကအရေးကြီးဆုံးအခြေအနေကိုရောက်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အမေရိကန်အစိုးရဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ပိုမိုကူညီထောက်ပံ့ပေးဖို့ ကတိပြုထားပြီး အနောက်အုပ်စုနိုင်ငံများထဲမှာ ယူကရိန်းကို စစ်လက်နက် ပစ္စည်းအများဆုံးကူညီပေးထားတဲ့နိုင်ငံဖြစ်ပါတယ်။
ရုရှားသမ္မတပူတင်က Orthodox Christmas ကာလအတွင်း ဘာသာရေးပွဲတော်အခမ်းအနားများပြုလုပ်နိုင်ဖို့ရည်ရွယ်ပြီး ယူကရိန်းစစ်ပွဲကို ယာယီအပစ်ခတ်ရပ်စဲထားဖို့အမိန့်ပေးခဲ့ပြီးနောက် အမေရိကန်သမ္မတက အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။
ရုရှားသမ္မတပူတင်ဟာ Orthodox Christmas ကာလအတွင်း စစ်ပွဲကို သုံးရက် ကြာ ယာယီအပစ်ခတ်ရပ်စဲထားဖို့အမိန့်ပေးခဲ့ပေမယ့် ယူကရိန်းအစိုးရကဘက်ကတော့ အဲဒီအချက်ကို ငြင်းဆန်ထားကြောင်းသိရပါတယ်။
အမေရိကန်သမ္မတက "လက်ရှိအချိန်မှာ ယူကရိန်းစစ်ပွဲဟာအရေးကြီးဆုံးအချိန်ကိုရောက်ရှိနေတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ရုရှားကိုတိုက်ထုတ်နိုင်ဖို့ ယူကရိန်းကို အကူအညီပေးနိုင်အောင်အရာရာတိုင်းလုပ်ဆောင်သွားရမယ်။ ကျွန်တော်ဟာဂျပန်၊ ဂျာမနီအပါအဝင် ဥရောပနဲ့အနောက်အုပ်စုမဟာမိတ်နိုင်ငံတွေကခေါင်း ဆောင်တွေနဲ့တွေ့ဆုံပြီး ယူကရိန်းစစ်ပွဲအကြောင်းကို ဆွေးနွေးခဲ့တယ်"လို့ပြောပါတယ်။
ရုရှားဟာ ယူကရိန်းကို ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလမှာစတင်တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေနဲ့မဟာမိတ်နိုင်ငံတွေဟာ ရုရှားကို ပစ်မှတ်ထား ပိတ်ဆို့မှုချမှတ်ခဲ့ပြီး ယူကရိန်းကို လိုအပ်တဲ့စစ်ရေးအကူအညီများ၊ စစ်လက်နက်ပစ္စည်းများ ပံ့ပိုးကူညီပေးခဲ့ကြောင်းသိရပါတယ်။
ယူကရိန်းဟာ လက်ရှိအချိန်မှာ ရုရှားတို့သိမ်းပိုက်ထားတဲ့ဒေသ (၄)ခုကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ တိုက်ခိုက်လျက်ရှိနေကြောင်းသိရပါတယ်။
zawgyi version
ယူကရိန္းစစ္ပြဲက အေရးႀကီးဆုံးအေျခအေနကို ေရာက္ရွိေနဟု အေမရိကန္သမၼတေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၇
အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး လက္ရွိအခ်ိန္ကအေရးႀကီးဆုံးအေျခအေနကိုေရာက္ရွိေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ အေမရိကန္အစိုးရဟာ ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ပိုမိုကူညီေထာက္ပံ့ေပးဖို႔ ကတိျပဳထားၿပီး အေနာက္အုပ္စုႏိုင္ငံမ်ားထဲမွာ ယူကရိန္းကို စစ္လက္နက္ ပစၥည္းအမ်ားဆုံးကူညီေပးထားတဲ့ႏိုင္ငံျဖစ္ပါတယ္။
႐ုရွားသမၼတပူတင္က Orthodox Christmas ကာလအတြင္း ဘာသာေရးပြဲေတာ္အခမ္းအနားမ်ားျပဳလုပ္ႏိုင္ဖို႔ရည္႐ြယ္ၿပီး ယူကရိန္းစစ္ပြဲကို ယာယီအပစ္ခတ္ရပ္စဲထားဖို႔အမိန႔္ေပးခဲ့ၿပီးေနာက္ အေမရိကန္သမၼတက အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။
႐ုရွားသမၼတပူတင္ဟာ Orthodox Christmas ကာလအတြင္း စစ္ပြဲကို သုံးရက္ ၾကာ ယာယီအပစ္ခတ္ရပ္စဲထားဖို႔အမိန႔္ေပးခဲ့ေပမယ့္ ယူကရိန္းအစိုးရကဘက္ကေတာ့ အဲဒီအခ်က္ကို ျငင္းဆန္ထားေၾကာင္းသိရပါတယ္။
အေမရိကန္သမၼတက "လက္ရွိအခ်ိန္မွာ ယူကရိန္းစစ္ပြဲဟာအေရးႀကီးဆုံးအခ်ိန္ကိုေရာက္ရွိေနတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ဟာ ႐ုရွားကိုတိုက္ထုတ္ႏိုင္ဖို႔ ယူကရိန္းကို အကူအညီေပးႏိုင္ေအာင္အရာရာတိုင္းလုပ္ေဆာင္သြားရမယ္။
ကြၽန္ေတာ္ဟာဂ်ပန္၊ ဂ်ာမနီအပါအဝင္ ဥေရာပနဲ႔အေနာက္အုပ္စုမဟာမိတ္ႏိုင္ငံေတြကေခါင္း ေဆာင္ေတြနဲ႔ေတြ႕ဆုံၿပီး ယူကရိန္းစစ္ပြဲအေၾကာင္းကို ေဆြးေႏြးခဲ့တယ္"လို႔ေျပာပါတယ္။
႐ုရွားဟာ ယူကရိန္းကို ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွာစတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြနဲ႔မဟာမိတ္ႏိုင္ငံေတြဟာ ႐ုရွားကို ပစ္မွတ္ထား ပိတ္ဆို႔မႈခ်မွတ္ခဲ့ၿပီး ယူကရိန္းကို လိုအပ္တဲ့စစ္ေရးအကူအညီမ်ား၊ စစ္လက္နက္ပစၥည္းမ်ား ပံ့ပိုးကူညီေပးခဲ့ေၾကာင္းသိရပါတယ္။
ယူကရိန္းဟာ လက္ရွိအခ်ိန္မွာ ႐ုရွားတို႔သိမ္းပိုက္ထားတဲ့ေဒသ (၄)ခုကို ျပန္လည္သိမ္းပိုက္ႏိုင္ဖို႔ တိုက္ခိုက္လ်က္ရွိေနေၾကာင္းသိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယမှာ စီးပွားရေး တိုးတက်မှုနှုန်း(၇)ရာခိုင်နှုန်းအထိ နှေးကွေးနိုင်ကြောင်း အစိုးရ ခန့်မှန်းထား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ