မိုင်းထောင်နေစဉ် ပေါက်ကွဲမှုကြောင့် အမျိုးသား(၂)ဦးသေဆုံးမှု စဉ့်ကူမြို့နယ်တွင်ဖြစ်ပွား
Pearl (NSS) - ဇွန် ၁၈
စဉ့်ကူမြို့နယ်တွင် မိုင်းထောင်နေစဉ်ပေါက်ကွဲမှုကြောင့် PDF အဖွဲ့ဝင် အမျိုးသား (၂)ဦး သေဆုံးသွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သော သတင်းအရင်းအမြစ်ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၁၈ ရက်)၊ နံနက်ပိုင်းတွင် မန္တလေးတိုင်း၊ စဉ့်ကူမြို့နယ်၊ နယ်မြေရဲစခန်းအရှေ့ဘက် ၄ မိုင်ခန့်ရှိ တောင်မင်းမြောက်မင်း လမ်းဆုံအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းဆုံအနီးသို့ PDF အဖွဲ့ဝင် (၂)ဦးသည် မိုင်းထောင်ဖောက်ခွဲရန်အတွက် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထိုသို့ရောက်ရှိလာကာ မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၎င်းတို့ (၂)ဦးလုံး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်မှ ဆိုသည်။
အလားတူ ပြီးခဲ့သည့်မတ်လ ၂၂ ရက်တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၌ လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုကြောင့် အကြမ်းဖက်အမျိုးသားတစ်ဦးသေဆုံးသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်တွင်လည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် တပ်မတော်စစ်ကြောင်းကားအား PDF အဖွဲ့များသည် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အပြန်တွင် ၎င်းတို့၏ဆိုင်ကယ်ပေါ်၌ ကျန်ရှိသည့်မိုင်းများမှ ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရွှေဘို PDF (၆)ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိသည့် ဖြစ်စဉ် ဖြစ်ပွားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗိုလ်ချုပ်မှူးကြီးရဲ့ သတင်းစကား ၊ နစကဝန်ကြီးတက်မယ့် (Track 1.5)အစည်းအဝေးအပေါ် အမေရိကန်နဲ့လက်ဝေခံတွေရဲ့ သဘောထား ၊ PDF ကြောင့် သံဃာအပါး(၇ဝ)ကျော် ပျံလွန်တော်မူထားပြီးပြီ (၁၇-၆-၂ဝ၂၃)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ