Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရွေးကောက်ပွဲကျင်းပချိန် မဲပေးခြင်း၊ မပေးခြင်းသည် လူတစ်ဦးချင်း၏ ဆန္ဒဖြစ်ပြီး မှတ်ကျောက်တင်ခံရသည့် ရွေးကောက်ပွဲဖြစ်ရေး ဆောင်ရွက်သွားမည်ဟု တပ်ချုပ်ကတိပြု

မျိုးကြီး (NP News) - ဇန်နဝါရီ ၇

ရွေးကောက်ပွဲကျင်းပချိန်၌ မဲပေးခြင်း၊ မပေးခြင်းသည် လူတစ်ဦးချင်း၏ ဆန္ဒဖြစ်ပြီး မှတ်ကျောက်တင်ခံရသည့် ရွေးကောက်ပွဲဖြစ်ရေး ဆောင်ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နစကဥက္ကဋ္ဌအဖြစ်ပါ တာဝန်ယူဆောင်ရွက်နေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီလ ၆ ရက်တွင် နေပြည်တော်၌ ဝန်ကြီးများ၊ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့် တွေ့ဆုံစဉ်အချိန် အထက်ပါကဲ့သို့ ထည့်သွင်းကတိပြုခဲ့ခြင်းဖြစ်သည်။

လာမည့်ရွေးကောက်ပွဲတွင် စာရင်းဇယားမှန်ကန်စေရေးသည် အဓိကဖြစ်ပြီး လိုအပ်ပါက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူကာ စာရင်းဇယားများတိကျမှန် ကန်ရေး ဆောင်ရွက်သွားရမည်ဟု ၎င်းကဆိုသည်။

ထို့ပြင် ရွေးကောက်ပွဲကျင်းပချိန်၌ မဲပေးခြင်း၊ မပေးခြင်းသည် လူတစ်ဦးချင်း၏ ဆန္ဒဖြစ်ပြီး လူတိုင်းမဲပေးနိုင်ရန် ပြုလုပ်ပေးခြင်းသည် အစိုးရ၏ တာဝန်ပင်ဖြစ် ကြောင်း တပ်ချုပ်က ထည့်သွင်းပြောဆိုထားသည်။

ပြည်သူများအနေဖြင့်လည်း ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ ဖိအားပေးမှုကင်းရှင်းစွာဖြင့် တစ်ဦးချင်း၏ဆန္ဒကို ဖော်ထုတ်မဲပေးနိုင်ရမည်ဖြစ်ပြီး ရွေးကောက်ပွဲကို မှတ် ကျောက်တင်ခံရသည့် ရွေးကောက်ပွဲတစ်ခုဖြစ်စေရေး ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကတိပြုပြောဆိုထားသည်။

၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းသည် နိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးဆဲအခြေအနေကို အညွန့်ချိုးခဲ့ခြင်းပင်ဖြစ်ပြီး နိုင်ငံ၏ သမိုင်းတွင်လည်း အမည်းစက်တစ်ခုအဖြစ် ကျန်ခဲ့ပြီဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းမှတ်ချက်ပြုထားသည်။

နစက၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ်(PR)ကို ကျင့်သုံးနိုင်ရေး ပြင်ဆင်လျက်ရှိသည့်အပြင် မဲစာရင်းပြုစုရေးလုပ်ငန်းစဉ်များကိုလည်း စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်အာဏာရယူခဲ့သည်မှာ မကြာမီအချိန်တွင် (၂)နှစ်ပြည့်တော့မည်ဖြစ်ကာ ရွေးကောက်ပွဲ ကျင်းပပေးမည်ဟုဆိုထားသော်လည်း ကျင်းပမည့်နေ့ရက်ကို တရားဝင်ထုတ်ပြန်ကြေညာခြင်းမျိုး မရှိသေးပေ။


zawgyi version











Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပုသိမ်အကျဉ်းထောင်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ အချုပ်သားတစ်ဦးသေဆုံးခဲ့ပြီး လူပေါင်း(၇ဝ)ကျော် ထိခိုက်ဒဏ်ရာရရှိ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved