သပိတ်ကျင်းမြို့နယ် မန္တလေး-ဗန်းမော်ကားလမ်းဘေး၌ PDF အဖွဲ့က အရပ်သား(၂)ဦးအား ဓားဖြင့်ထိုးသတ်
သန့်ဇင် (NSS) - ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် မန္တလေး-ဗန်းမော်ကားလမ်းဘေး၌ PDF အဖွဲ့က အရပ် သား (၂)ဦးအား ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော ဇွန်လ ၁၄ ရက် နံနက် ၁ဝ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊လက်ပန်ကုန်းကျေးရွာနှင့် ဆယ်ဇင်းကုန်းကျေးရွာအကြား မန္တလေး-ဗန်းမော် ကားလမ်းဘေး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ PDF အဖွဲ့အင်အား (၈)ဦးခန့်က အဆိုပါကျေးရွာများမှ နေထိုင်သူ (၂) ဦးအား “ဒလန်”ဟုစွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်၍ ဓားများဖြင့်ဝိုင်းဝန်းထိုးသတ်ခဲ့သည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထား သည်။
ထိုသို့ အကြမ်းဖက်မှုကြောင့် လက်ပံကုန်းကျေးရွာနေ ဦးမောင်သောင်း(၅၇)နှစ် နှင့်ဆယ်ဇင်းကုန်းကျေးရွာနေ ဦးဟန်ညွန့် (၅၇)နှစ်တို့သည် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သေဒဏ်ပါဝင်တဲ့ LGBTQ ဆန့်ကျင်ရေး ဥပဒေကြောင့် ယူဂန်ဒါအရာရှိတွေကို အမေရိကန်က ခရီးသွားလာခွင့် ကန့်သတ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း