ထိုင်း-မြန်မာနယ်စပ်တွင် ဘိန်း (၈ဝ)ကီလိုဂရမ်ကျော်ကို သိမ်းဆည်းရမိဟု ထိုင်းစစ်တပ်ပြော
Pika (NSS) - ဇွန် ၁၇
ထိုင်း-မြန်မာနယ်စပ်ရှိ ချင်းမိုင်ပြည်နယ် မယ်အိုင်ဒေသတွင် ဇွန်လ(၁၆)ရက်က မူးယစ်ဆေးဝါးမှောင်ခိုသမားများနှင့် ထိုင်းစစ်သားများကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဘိန်း (၈ဝ)ကီလိုဂရမ်ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
မယ်အိုင်ဒေသ Pang Ton Due ရွာ နယ်စပ်တစ်လျှောက်တွင် ဇွန်လ(၁၆)ရက် မွန်းလွဲပိုင်းက အိတ်များသယ်ဆောင်လာသည့် မသင်္ကာဖွယ်ကောင်းသော လူ(၆)ဦးကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့မှ ကင်းလှည့်နေသည့် တပ်သားများက တွေ့ရှိခဲ့ပြီးနောက် ပစ်ခတ်မှုများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အဆိုပါလူခြောက်ဦးကို ရှာဖွေမှုများလုပ်ဆောင်ရန်အတွက် ရပ်တန့်ရန် စစ်သားများက အချက်ပြခဲ့သော်လည်း ၎င်းတို့သည် စစ်သားများကို သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မူးယစ်ဆေးဝါးမှောင်ခိုသမားများနှင့် စစ်သားများကြား အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် မူးယစ်ဆေးဝါးမှောင်ခိုသမားများသည် နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်းသိရသည်။ အဆိုပါပစ်ခတ်မှုများအတွင်း ထိခိုက်ဒဏ်ရာရရှိမှုများကို သတင်းထုတ်ပြန်ခြင်းမျိုးမရှိသေးကြောင်းလည်း သိရသည်။
ထို့နောက် တာဝန်ရှိသူများသည် ပစ်ခတ်မှုများဖြစ်ပွားရာနေရာသို့သွားရောက်စစ်ဆေးခဲ့ရာ ဘိန်းထုပ် (၅၁)ထုပ်ပါသည့် အိတ်လေးထုပ်ကိုတွေ့ရှိခဲ့ပြီး စုစုပေါင်းအလေးချိန်(၈၁ ဒသမ ၆)ကီလိုဂရမ်ရှိကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သပိတ်ကျင်းမြို့နယ် မန္တလေး-ဗန်းမော်ကားလမ်းဘေး၌ PDF အဖွဲ့က အရပ်သား(၂)ဦးအား ဓားဖြင့်ထိုးသတ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း