ရုရှားနိုင်ငံရဲ့ဖြစ်တည်မှုနဲ့အချုပ်အခြာအာဏာကို ခြိမ်းခြောက်လာရင် နျူကလီးယားလက်နက်များအသုံးပြုမယ်လို့ သမ္မတ ပူတင်ထုတ်ဖော်သတိပေး
ဂျန်ဇက် (NSS) - ဇွန် ၁၇
ရုရှားနိုင်ငံရဲ့ဖြစ်တည်မှုကို ခြိမ်းခြောက်လာမယ်ဆိုရင် ရုရှားနိုင်ငံအနေနဲ့ နျူကလီးယားလက်နက်များ အသုံးပြုသွားမှာဖြစ်ကြောင်း ရုရှား သမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရုရှားသမ္မတပူတင်ဟာ စိန့်ပီတာဘရက်မြို့မှာကျင်းပတဲ့ နိုင်ငံတကာစီးပွားရေးဖိုရမ် (SPIEF) ကိုတက်ရောက်ချိန်အတွင်းမေးခွန်းများကို တုံ့ပြန်ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
သမ္မတ ပူတင်က "နျူကလီးယား လက်နက်အသုံးပြုရေးဟာ ရုရှားနိုင်ငံရဲ့နျူကလီးယား လက်နက်ဆိုင်ရာ မူဝါဒများအတိုင်းသာဖြစ်တယ်။ နျူကလီးယား လက်နက်ဟာ ကျွန်တော်တို့ နိုင်ငံလုံခြုံရေးအတွက် ဖန်တီးထားတာဖြစ်တယ်။ နျူကလီးယားလက်နက် အသုံးပြုရမယ့်အခြေအနေမျိုးတွေရှိလာမယ်ဆိုရင်တော့ အသုံးပြုမှာဖြစ်တယ်"လို့ပြောပါတယ်။
ရုရှားသမ္မတပူတင်က ရုရှားနိုင်ငံအနေနဲ့ လက်ရှိအချိန်မှာ နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆွေး နွေးမှုတွေကို အနောက်အုပ်စုနိုင်ငံများနဲ့ ပူးပေါင်းလုပ်ဆောင်မှာမဟုတ်ကြောင်းဆိုပါတယ်။ ရုရှားသမ္မတက "ကျွန်တော်တို့ဟာ နေတိုးအုပ်စုဝင်နိုင်ငံများ ပိုင်ဆိုင်ထားတဲ့ လက်နက်တွေထက် ပိုမိုပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် နေတိုးအုပ်စုနိုင်ငံတွေဟာ နျူကလီးယားလက်နက်များလျှော့ချရေး ဆွေးနွေးမှုများစတင်နိုင်ဖို့ အမြဲတမ်းကြိုးပမ်းနေတာဖြစ်တယ်"လို့ ပြောပါတယ်။
ရုရှားသမ္မတပူတင်က ရုရှားနိုင်ငံအနေနဲ့ ဘီလာရုစ့်နိုင်ငံမှာ နျူကလီးယားလက်နက်များ ဖြန့်ကြတ်ချထားသွားမှာဖြစ်ကြောင်း၊ ဘီလာရုစ့်နိုင်ငံမှာ နျူကလီးယားလက်နက်များဖြန့်ကြတ်ချထားမှုတွေကို ဒီနှစ်အကုန်မှာအပြီးသတ်လုပ်ဆောင်နိုင်မှာဖြစ်ကြောင်းပြောပါတယ်။ အနောက်အုပ်စုနိုင်ငံများက ရုရှားဟာ ယူကရိန်းစစ်ပွဲမှာ နျူကလီးယားလက်နက်များကိုအဆင့်ခြင်မဲ့အသုံးပြုလာဖွယ်ရှိနေကြောင်း စွပ်စွဲထားပေမယ့် ရုရှားအစိုးရဘက်ကတော့ ငြင်းဆန်ထားပါတယ်။ ရုရှားအစိုးရအနေနဲ့ နျူကလီးယားလက်နက်များကို နိုင်ငံဖြစ်တည်မှု၊ အချုပ်အခြာအာဏာ နဲ့ ပိုင်နက်များကို ခြိမ်းခြောက်ခံလာရမယ်ဆိုရင် အသုံးပြုသွားမှာမယ်ဆိုတဲ့အစီအစဉ်ကိုပြောင်းလဲမှာမဟုတ်ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအိမ်အကူအမျိုးသမီးကိုသေဆုံးအောင် ညှင်းပန်းနှိပ်စက်မှုများကို ဖုံးကွယ်ရန်အတွက် CCTV ကင်မရာများကိုဖွက်ထားခဲ့ကြောင်း အိန္ဒိယအမျိုးသမီးကြီးဝန်ခံ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ