လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မြိတ်- ရန်ကုန်ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် ထိခိုက်ခဲ့ပြီး (၂)ဦးဒဏ်ရာရရှိ
NP News - ဇန်နဝါရီ ၆
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မြိတ်မြို့မှ ရန်ကုန်သို့ ထွက်ခွာလာသည့် ခရီးသည်မော်တော်ယာဉ်ပေါ်မှ အမျိုုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ(၅)ရက်၊ ည ၉ နာရီခွဲအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဇရပ်ကျွန်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါဖြစ်စဉ်မှာ ယာဉ်မောင်း ကိုဝဏ္ဏ(၃၄)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကိုသီဟဖြိုး(၂၇)နှစ် လိုက်ပါလာသော “သီဟမင်း” ခရီးသည်တင်မှန်လုံယာဉ်သည် ဇရပ်ကျွန်းကျေးရွာအနီးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ယာဉ်မောင်း ကိုဝဏ္ဏနဲ့ ယာဉ်နောက်လိုက် ကိုသီဟဖြိုး လိုက်လာတဲ့ “သီဟမင်း” ခရီးသည်တင်မှန်လုံယာဉ်ပေါ့။ သူက မြိတ်ကနေ ရန်ကုန်ကို မောင်းလာတာ။ ကားပေါ်မှာ ခရီးသည်(၃)ယောက်ပါလာတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ခရီးသည်တင်ယာဉ်မှာ ပျက်စီးမှုများရှိခဲ့ပြီး ယာဉ်မောင်း ကိုဝဏ္ဏနှင့် ယာဉ်နောက်လိုက် ကိုသီဟဖြိုးတို့(၂)ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းမှဆိုသည်။
ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦးတို့မှာ ပစ်ခတ်သံကြားစဉ် ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
zawgyi version
လက္နက္ႀကီးက်ေရာက္ေပါက္ကြဲမႈေၾကာင့္ ၿမိတ္- ရန္ကုန္ေျပးဆြဲေနသည့္ ခရီးသည္တင္ယာဥ္ ထိခိုက္ခဲ့ၿပီး (၂)ဦးဒဏ္ရာရရွိ
NP News - ဇန္နဝါရီ ၆
လက္နက္ႀကီးက်ေရာက္ေပါက္ကြဲမႈေၾကာင့္ ၿမိတ္ၿမိဳ႕မွ ရန္ကုန္သို႔ ထြက္ခြာလာသည့္ ခရီးသည္ေမာ္ေတာ္ယာဥ္ေပၚမွ အမ်ိဳုးသား(၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၅)ရက္၊ ည ၉ နာရီခြဲအခ်ိန္ခန႔္တြင္ မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္အတြင္းရွိ ဇရပ္ကြၽန္းေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။
အဆိုပါျဖစ္စဥ္မွာ ယာဥ္ေမာင္း ကိုဝဏၰ(၃၄)ႏွစ္ ေမာင္းႏွင္ၿပီး ယာဥ္ေနာက္လိုက္ ကိုသီဟၿဖိဳး(၂၇)ႏွစ္ လိုက္ပါလာေသာ “သီဟမင္း” ခရီးသည္တင္မွန္လုံယာဥ္သည္ ဇရပ္ကြၽန္းေက်း႐ြာအနီးတြင္ လက္နက္ႀကီးက်ေရာက္ေပါက္ကြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ယာဥ္ေမာင္း ကိုဝဏၰနဲ႔ ယာဥ္ေနာက္လိုက္ ကိုသီဟၿဖိဳး လိုက္လာတဲ့ “သီဟမင္း” ခရီးသည္တင္မွန္လုံယာဥ္ေပါ့။ သူက ၿမိတ္ကေန ရန္ကုန္ကို ေမာင္းလာတာ။ ကားေပၚမွာ ခရီးသည္(၃)ေယာက္ပါလာတယ္” ဟု မြန္ျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
လက္နက္ႀကီးက်ေရာက္ေပါက္ကြဲမႈေၾကာင့္ ခရီးသည္တင္ယာဥ္မွာ ပ်က္စီးမႈမ်ားရွိခဲ့ၿပီး ယာဥ္ေမာင္း ကိုဝဏၰႏွင့္ ယာဥ္ေနာက္လိုက္ ကိုသီဟၿဖိဳးတို႔(၂)ဦးတြင္ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း ၎မွဆိုသည္။
ယာဥ္ေပၚတြင္လိုက္ပါလာသည့္ ခရီးသည္ အမ်ိဳးသား(၂)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးတို႔မွာ ပစ္ခတ္သံၾကားစဥ္ ထြက္ေျပးတိမ္းေရွာင္သြားခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လွတ်လပ်ရေးနေ့၌ မန္တလေးရှိ မြို့နယ်အချို့တွင် ပစ်ခတ်ခံရမှုများကြောင့် အမည်မသိအမျိုးသား(၂)ဦးအပါအဝင် (၅)ဦးသေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း