လွတ်လပ်ရေးနေ့၌ မန္တလေးရှိ မြို့နယ်အချို့တွင် ပစ်ခတ်ခံရမှုများကြောင့် အမည်မသိအမျိုးသား(၂)ဦးအပါအဝင် (၅)ဦးသေဆုံး
NP News - ဇန်နဝါရီ ၆
လွတ်လပ်ရေးနေ့(ဇန်နဝါရီလ ၄ ရက်)တွင် မန္တလေးရှိ မြို့နယ်အချို့၌ ပစ်ခတ်ခံရမှုများကြောင့် အမည်မသိအမျိုးသား(၂)ဦး အပါအဝင် (၅)ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ နံနက်(၈)နာရီခွဲအချိန်တွင် နွားထိုးကြီးမြို့နယ်၊ ဂွေးပင်တောကျေးရွာတောင်ဘက်ရှိ နွားထိုးကြီး- ပြင်စည်သွားကားလမ်းဘေးတွင် အမျိုးသား(၂)ဦးသေဆုံးနေပြီး (၁)ဦးမှာထိခိုက်ဒဏ်ရာများ ရရှိထားကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါအမျိုးသားများအနက်မှ အသက်(၅၂)နှစ်ခန့် အမျိုးသားတွင် နားထင်နှင့် လည်ပင်းတို့၌ ကျည်ဖောက်ထွက်ဒဏ်ရာ(၂)ချက်၊ အသက်(၄၂)နှစ်ခန့် အမျိုးသားတွင် နားထင်မှဦးခေါင်းကျည်ဖောက်ထွက်ဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေခဲ့ပြီး အသက်(၃၇)နှစ်အရွယ် အမျိုးသားတွင် နဖူးကျည်ဖောက်ဝင်ဒဏ်ရာတို့ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
အလားတူ ည(၁ဝ)နာရီအချိန်တွင် ငါန်းဇွန်မြို့နယ်၊ စီကောင်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးသိန်းသည် နေအိမ်တွင် ဇနီးဖြစ်သူ ဒေါ်ငွေအေးနှင့်အတူ ရှိနေစဉ် အကြမ်း ဖက်များက ဆိုင်ကယ်ဖြင့်ရောက်လာပြီး နေအိမ်အတွင်းဝင်ရောက်ကာ ၎င်းတို့အား ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ(၄)ရက်၊ ည(၁၂)နာရီခွဲအချိန်တွင် သပိတ်ကျင်းမြို့နယ်၊ တောင်လယ်ကျေးရွာတွင် နေထိုင်သူ ဦးထွန်းနိုင်သည် နေအိမ်၌ မိသားစုများနှင့်အတူရှိနေချိန်တွင် အကြမ်းဖက်အင်အား(၅)ဦးခန့်က ဆိုင်ကယ်ဖြင့် ရောက်လာပြီး ၎င်းအားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။
ထို့နောက် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ရာ နံနက်(၆)နာရီအချိန်တွင် ကျေး ရွာ၏ အနောက်တောင်ဘက်(၁)ဖာလုံခန့်အကွာတွင် လည်ပင်းထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များတွင် ပြစ်မှုကျူးလွန်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
လြတ္လပ္ေရးေန႔၌ မႏၲေလးရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ပစ္ခတ္ခံရမႈမ်ားေၾကာင့္ အမည္မသိအမ်ိဳးသား(၂)ဦးအပါအဝင္ (၅)ဦးေသဆုံး
NP News - ဇန္နဝါရီ ၆
လြတ္လပ္ေရးေန႔(ဇန္နဝါရီလ ၄ ရက္)တြင္ မႏၲေလးရွိ ၿမိဳ႕နယ္အခ်ိဳ႕၌ ပစ္ခတ္ခံရမႈမ်ားေၾကာင့္ အမည္မသိအမ်ိဳးသား(၂)ဦး အပါအဝင္ (၅)ဦးေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ နံနက္(၈)နာရီခြဲအခ်ိန္တြင္ ႏြားထိုးႀကီးၿမိဳ႕နယ္၊ ေဂြးပင္ေတာေက်း႐ြာေတာင္ဘက္ရွိ ႏြားထိုးႀကီး- ျပင္စည္သြားကားလမ္းေဘးတြင္ အမ်ိဳးသား(၂)ဦးေသဆုံးေနၿပီး (၁)ဦးမွာထိခိုက္ဒဏ္ရာမ်ား ရရွိထားေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။
အဆိုပါအမ်ိဳးသားမ်ားအနက္မွ အသက္(၅၂)ႏွစ္ခန႔္ အမ်ိဳးသားတြင္ နားထင္ႏွင့္ လည္ပင္းတို႔၌ က်ည္ေဖာက္ထြက္ဒဏ္ရာ(၂)ခ်က္၊ အသက္(၄၂)ႏွစ္ခန႔္ အမ်ိဳးသားတြင္ နားထင္မွဦးေခါင္းက်ည္ေဖာက္ထြက္ဒဏ္ရာ(၁)ခ်က္တို႔ျဖင့္ ေသဆုံးေနခဲ့ၿပီး အသက္(၃၇)ႏွစ္အ႐ြယ္ အမ်ိဳးသားတြင္ နဖူးက်ည္ေဖာက္ဝင္ဒဏ္ရာတို႔ ရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။
အလားတူ ည(၁ဝ)နာရီအခ်ိန္တြင္ ငါန္းဇြန္ၿမိဳ႕နယ္၊ စီေကာင္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးဦးသိန္းသည္ ေနအိမ္တြင္ ဇနီးျဖစ္သူ ေဒၚေငြေအးႏွင့္အတူ ရွိေနစဥ္ အၾကမ္း ဖက္မ်ားက ဆိုင္ကယ္ျဖင့္ေရာက္လာၿပီး ေနအိမ္အတြင္းဝင္ေရာက္ကာ ၎တို႔အား ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။
အလားတူ ဇန္နဝါရီလ(၄)ရက္၊ ည(၁၂)နာရီခြဲအခ်ိန္တြင္ သပိတ္က်င္းၿမိဳ႕နယ္၊ ေတာင္လယ္ေက်း႐ြာတြင္ ေနထိုင္သူ ဦးထြန္းႏိုင္သည္ ေနအိမ္၌ မိသားစုမ်ားႏွင့္အတူရွိေနခ်ိန္တြင္ အၾကမ္းဖက္အင္အား(၅)ဦးခန႔္က ဆိုင္ကယ္ျဖင့္ ေရာက္လာၿပီး ၎အားဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုထားသည္။ ထို႔ေနာက္ မိသားစုဝင္မ်ားက လိုက္လံရွာေဖြခဲ့ရာ နံနက္(၆)နာရီအခ်ိန္တြင္ ေက်း ႐ြာ၏ အေနာက္ေတာင္ဘက္(၁)ဖာလုံခန႔္အကြာတြင္ လည္ပင္းထိုးသြင္းဒဏ္ရာျဖင့္ ေသဆုံးေနခဲ့ေၾကာင္း သိရသည္။ အထက္ပါျဖစ္စဥ္မ်ားတြင္ ျပစ္မႈက်ဴးလြန္ခဲ့သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံသား (၁၃)ဦးကို ကယ်တင်နိုင်ဖို့ မြန်မာနိုင်ငံသားတစ်ဦးက ခန္ဒာကိုယ်အင်္ဂါအစိတ်အပိုင်းများလှူဒါန်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း