ရန်ကုန် အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၌ မုတ်သုံလေအားကောင်းနေမှုကြောင့် မိုးကြီးခြင်းများ ဆက်လက်ဖြစ်ပေါ်နိုင်
ယွန်း (NSS)- ဇွန် ၁၅
ရန်ကုန် အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၌ မုတ်သုံလေအားကောင်းနေခြင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။
လက်ရှိတွင် ရခိုင်ကမ်းရိုး၌ မုတ်သုံလေအားလျော့နည်းသွားသော်လည်း မြစ်ဝကျွန်းပေါ်ဒေသများနှင့် မြန်မာနိုင်ငံတောင်ပိုင်း ဒေသများတွင် မုတ်သုံလေဆက်လက်၍ အားကောင်းနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆိုသည်။
“ရခိုင်ဘက်မှာတော့ မုတ်သုံက အားလျော့သွားပြီ။ မြစ်ဝကျွန်းပေါ်နဲ့ မွန်၊ တနင်္သာရီကမ်းရိုးတန်းမှာက အားသိပ်မလျော့သေးတော့ မြစ်ဝကျွန်းပေါ်နဲ့ မြန်မာနိုင်ငံတောင်ပိုင်းတွေကတော့ မိုးများနေဦးမယ်” ဟု ဦးလှထွန်းက NP News ကိုပြောသည်။
မုတ်သုံလေအားကောင်းမှုကြောင့် ရန်ကုန် အပါအဝင် ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်နှင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ပြီး လေပြင်းတိုက်ခတ်မှုများ အပါအဝင် ရေကြီးရေလျှံမှုများကို သတိပြု၍ နေထိုင်ရန် ၎င်းကဆက်လက်ပြောဆိုထားသည်။
ထိုသို့ မုတ်သုံအားကောင်းသောကာလ၌ မိုးကြိုးအန္တရာယ် ဖြစ်ပေါ်မှု အနည်းငယ်သာရှိနိုင်သော်လည်း မုတ်သုံလေအားလျော့သွားသော ဒေသများတွင် သတိပြု၍ နေထိုင်သင့်ကြောင်း ဦးလှထွန်းက အကြံပြုပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေပြည်သာရှိ Gainway အထည်ချုပ်စက်ရုံ၌ တစ်ရက်လုပ်ခ (၅၆ဝဝ)ကျပ်တိုးပေးရန် အလုပ်သမားများစုပေါင်းတောင်းဆိုမှုအောင်မြင်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ