ရုရှားနဲ့ တရုတ်တို့ ဦးဆောင်ဖွဲ့စည်းထားတဲ့ BRICS အဖွဲ့ဝင် နိုင်ငံဖြစ်လာဖို့ အလားလာကောင်းနေဟု ဘင်္ဂလားဒေရှ့်အစိုးရပြော
ဂျန်ဇက် (NP News) - ဇွန် ၁၅
ဘင်္ဂလားဒေရှ့်နိုင်ငံဟာ လာမယ့်သြဂုတ်လမှာ ရုရှားနဲ့တရုတ်နိုင်ငံတို့ ဦးဆောင်ဖွဲ့စည်းထားတဲ့ BRICS အဖွဲ့ဝင် နိုင်ငံဖြစ်လာဖို့ အလားလာများနေကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး အေကေ အဒူလ်မိုမန်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ် ရှိတ်ဟာစီနာနဲ့ တောင်အာဖရိကသမ္မတတို့ ဂျနီဖာမြို့မှာ တွေ့ဆုံဆွေးနွေးပြီးနောက် BRICS အဖွဲ့ဝင်နိုင်ငံဖြစ်ရေး အခြေအနေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး က ထုတ်ဖော်ပြောဆိုခဲ့ တာဖြစ်ပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံဟာ မကြာသေးမီက BRICS Bank ရဲ့ဧည့်သည်အဖြစ် ပါဝင်ဖို့ ဖိတ်ကြားခြင်းခံခဲ့ရကြောင်း သိရပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး က "BRICS ထိပ်သီးအစည်းအဝေးကို လာမယ့် သြဂုတ်လအတွင်း တောင်အာဖရိကနိုင်ငံမှာ ကျင်းပမှာပါ။ ဝန်ကြီးချုပ်ရှိတ်ဟာစီနာဟာ အဲဒီပွဲကို တက်ရောက်ဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။
BRICS အဖွဲ့ကို ဘရာဇီး၊ တောင်အာဖရိက၊ တရုတ်၊ အိန္ဒိယ၊ ရုရှားနိုင်ငံတို့နဲ့ ဖွဲ့စည်းထားပြီး အဖွဲ့ဝင်နိုင်ငံအသစ်များ ထပ်မံလက်ခံသွားဖို့ အစီအစဉ်များရှိနေကြောင်း သိရပါတယ်။ BRICS အဖွဲ့အနေနဲ့ အနာဂတ်မှာ အဖွဲ့ဝင်နိုင်ငံ အဖြစ် နောက်ထပ် ၈ နိုင်ငံကို လက်ခံသွားဖွယ်ရှိနေပြီး ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ ဘင်္ဂလားဒေရှ့်၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကို ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးက "ဒါက ကျွန်တော်တို့ရဲ့ဘဏ္ဍာငွေရဲ့အခြားနယ်ပယ်တစ်ခုပါ။ ကျွန်တော်တို့ နိုင်ငံဟာ ငွေကြေးလိုအပ်တဲ့အတွက် ကျွန်တော်တို့အတွက် ကောင်းမွန်မှုရှိပါတယ်" လို့ ပြောပါတယ်။
ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်ဟာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကောင်းမွန်စေဖို့တောင် အာဖရိကနိုင်ငံမှာ ဘင်္ဂလားဒေ့်ရှ့်မစ်ရှင်ရုံး ဖွင့်လှစ်ဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ တောင်အာဖရိကသမ္မတကလည်း ၎င်းတို့ မစ်ရှင်ရုံးကို ဘင်္ဂလားဒေရှ့်နိုင်ငံမှာဖွင့်လှစ်ဖို့တောင်းဆိုခဲ့ဖူးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
China - ASEAN Sugar Expo 2023 ပြပွဲတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ