ရခိုင်ပြည်နယ်အတွင်း ဓာတ်အားရရှိရန် ကျန်ရှိနေသည့်မြို့နယ်များကို ဇူလိုင်လပထမပတ်အတွင်း ရရှိအောင် ဆောင်ရွက်ပေးရန် နစကဒုဥက္ကဋ္ဌ တိုက်တွန်း
ယွန်း (NSS) - ဇွန် ၁၅
ရခိုင်ပြည်နယ်အတွင်းမှ ကျန်ရှိနေသည့်မြို့နယ်များကို လာမည့်ဇူလိုင်လပထမပတ်အတွင်း ဓာတ်အားပေးနိုင်ရေးကို အမြန်ဆုံးဆောင်ရွက်ရန် နစကဒုဥက္ကဋ္ဌက တိုက်တွန်းပြောဆိုထားသည်။
နစကဒုဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဇွန်လ(၁၄)ရက်တွင် ရခိုင်ပြည်နယ်၊ အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သော ရခိုင်ပြည်နယ် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေလ(၁၄)ရက်တွင် တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီး၌ ဓာတ်မီးတိုင် (၁၁၉) တိုင် နှင့် ထရန်စဖော်မာ(၅)လုံး ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးတိုင် (၃ဝဝဝ)ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ပြီး လျှပ်စစ်တာဝါတိုင်များ၊ မီးကြိုးများ၊ ထရန်စဖော်မာများသည်လည်း အများအပြားပျက်စီးဆုံးရှုံးခဲ့သည်။
ပုဏ္ဏားကျွန်း- စစ်တွေ အမှတ်(၁) ဓာတ်အားလိုင်းအနေဖြင့် ပြီးခဲ့သည့် ဇွန်လ(၆)ရက်တွင် စစ်တွေ (၆၆)ကေဗွီ ဓာတ်အားခွဲရုံ အမှတ်(၁)သို့လည်းကောင်း၊ ဇွန်လ(၈)ရက်တွင် စစ်တွေဓာတ်အားခွဲရုံအမှတ်(၂) ဆတ်ရိုးကျဓာတ်အားခွဲရုံသို့ လည်းကောင်းဓာတ်အားပို့လွှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဓာတ်အားပို့လွှတ်နိုင်မှုကြောင့် စုစုပေါင်း ထရန်စဖော်မာ(၂၄၅)လုံးဖြင့် စစ်တွေမြို့အတွင်းရှိ ရပ်ကွက်(၃၃)ရပ်ကွက်သို့ ရာနှုန်းပြည့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း နစကဒုဥက္ကဋ္ဌက အသိပေးပြောဆိုထားသည်။
ထို့ပြင် ပုဏ္ဏားကျွန်း ၁ဝ/သုည ဒသမ ၄ ကေဗွီ ဓာတ်အားခွဲရုံမှလည်း စုစုပေါင်းထရန်စဖော်မာ (၂၉)လုံးဖြင့် ဇွန်လ(၇)ရက်တွင် မြို့ပေါ်ရပ်ကွက်များအားလုံးသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ လျှပ်စစ်ဓာတ်အားရရှိရန် ကျန်ရှိနေသည့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များကို လာမည့်ဇူလိုင်လပထမပတ်အပြီး၌ လျှပ်စစ်ဓာတ်အား အမြန်ပေးနိုင်ရေးကို ဆောင်ရွက်ရန် နစကဒုဥက္ကဋ္ဌက တိုက်တွန်းပြောဆိုထားခဲ့သည်။
ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း(၁၇)မြို့နယ်ရှိသည့်အနက် မုန်တိုင်းဒဏ်ကြောင့် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ရသည့် မြို့နယ်ပေါင်း (၁ဝ)မြို့နယ်ရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုယ်တိုင်ထောင်ခဲ့တဲ့ မြေမြုပ်မိုင်းတွေနဲ့ ပြန်ရင်ဆိုင်ရနိုင်တဲ့ အညာသားတွေ၊ အမေရိကန်ဆီကနေ ပိုက်ဆံလှမ်းတောင်းတဲ့ ရည်-ဂွမ်-နိုင်၊ မြန်မာကို ထပ်မွှေအုံးမယ့် ရှောင်တာနဲလ်(၁၄-၆-၂ဝ၂၃)
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း