ကွမ်းခြံကုန်းတွင် ဓားဖြင့် အခုတ်ခံရမှုကြောင့် အမျိုးသား (၁)ဦး သေဆုံး
စော (NSS) - ဇွန် ၁၃
ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့တွင် ဓားဖြင့်အခုတ်ခံရမှုကြောင့် အမျိုးသား(၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၁၂ ရက်)၊ ည(၉)နာရီဝန်းကျင်အချိန်တွင် ကွမ်းခြံကုန်းမြို့ရှိ ထန်းပင်ကုန်းကျေးရွာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဘယ်လိုဖြစ်တာလဲတော့မသိဘူး။ အချင်းချင်း ရန်ဖြစ်တယ်လို့လည်း ပြောကြတယ်။ ကျွန်တော်တို့ကြားတာတော့ ဓားနဲ့ခုတ်သွားတဲ့အမျိုးသားက သူကိုယ်တိုင်ရဲစခန်းသွားပြီး အဖမ်းခံတယ်လို့ကြားတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ဓားဖြင့်အခုတ်ခံရသူ အမျိုးသားသည် နောက်စေ့နှင့် မျက်နှာတွင် ပြတ်ရှဒဏ်ရာများစွာရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
အဆိုပါအမျိုးသားသည် အသက်(၄ဝ)နှစ် ဝန်းကျင်ခန့်ရှိသော ထန်းပင်ကုန်းရွာသားတစ်ဦးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အမျိုးသား၏ ရုပ်အလောင်းအား ရင်ခွဲရုံမှတစ်ဆင့် ၎င်း၏နေအိမ်သို့ ပြန်လည်ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးရှိ ဧရာဝတီမြစ်ကမ်းစပ်တွင် ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး အလောင်းတွေ့ရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း