ကျန်းမာရေး စစ်ဆေးကုသမှုများ လုပ်ရမှာဖြစ်တဲ့အတွက် နေတိုးအဖွဲ့အကြီးအကဲနဲ့တွေ့ဆုံဆွေးနွေးမယ့် အစည်းအဝေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဆိုင်းငံ့
ဂျန်ဇက် (NSS) - ဇွန် ၁၃
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အရေးပေါ်ကျန်းမာရေး စစ်ဆေးမှုများလုပ်ဆောင်ရမှာဖြစ်တဲ့အတွက် နေတိုးအဖွဲ့အကြီးအကဲ ဂျန်စတိုတန်ဘတ်ချ်နဲ့ တွေ့ဆုံဆွေးနွေးမယ့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရကြောင်း သိရပါတယ်။
ဂျိုးဘိုင်ဒန်ဟာ လုပ်ဆောင်မယ့်လုပ်ငန်းစဉ် အချိန်ဇယားထဲမှာ သွားဘက်ဆိုင်ရာ ခွဲစိတ်ကုသမယ့်အစီအစဉ်ကို ပြောင်းလဲထည့်သွင်းခဲ့ကြောင်း သိရပါတယ်။ အိမ်ဖြူတော်ကျန်းမာရေးအဖွဲ့ခေါင်းဆောင် ကီဗင်အိုကွန်နော်က သမ္မတဂျိုးဘိုင်ဒန်ကို လာမယ့် ဇွန်လ ၁၈ ရက်၊ တနင်္ဂနွေနေ့မှာ ကျန်းမာရေးစစ်ဆေးမှုများလုပ်ဆောင်ပြီး တနင်္လာနေ့မှာ အပြီးသတ်ကုသမှုများ လုပ်ဆောင်မယ်လို့ အကြောင်းကြားထားကြောင်း သိရပါတယ်။
အမေရိကန်ဒုတိယသမ္မတ ကာမာလာ ဟာရစ်ဟာ ကောလိပ်ကျောင်းသား အားကစားသမားများ ဧည့်ခံပွဲကို ဂျိုးဘိုင်ဒန် ကိုယ်စား တက်ရောက်ရဖွယ်ရှိနေကြောင်း သိရပါတယ်။ အမေရိကန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဂျင်းစ်ပီယာက "သမ္မတဂျိုးဘိုင်ဒန်ရဲ့သွားဟာ ကောင်းမွန်မှုမရှိဘဲ စကားတောင် မပြောနိုင်ပါဘူး" လို့ ပြောပါတယ်။
ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမ္မတ သမိုင်းမှာ အသက်အကြီးဆုံးသမ္မတအဖြစ် တာဝန်ယူနေပြီး လက်ရှိအချိန်မှာ အသက် ၈ဝ အရွယ်ဖြစ်ပါတယ်။ သမ္မတဂျိုးဘိုင်ဒန်ရဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအခြေအနေများနဲ့ပတ်သက် ပြီး စိုးရိမ်မှုများ ရှိနေပေမယ့် အမေရိကန်အစိုးရကတော့ ဂျိုးဘိုင်ဒန်ဟာ ကျန်းမာရေးကောင်းမွန်မှုရှိကြောင်း ပြောဆိုထားပါတယ်။
ဂျန်စတိုတန်ဘတ်ချ်ဟာ နေတိုးအဖွဲ့အကြီးအကဲအဖြစ် ၂ဝ၁၄ ခုနှစ်နောက်ပိုင်းကတည်းက တာဝန်ယူခဲ့ပြီး စက်တင်ဘာလမှာ နေတိုးအဖွဲ့အကြီးအကဲ သက်တမ်းကုန်ဆုံးမှာဖြစ်ရာ ထပ်မံသက်တမ်းတိုးခြင်းမရှိဘဲ ရာထူးက အနားယူဖို့ ကြေညာထားသူဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်း/ပြည်ပမှ ထူးခြားသတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ