ပခုက္ကူမြို့၌ အဟောင်းပစ္စည်းများတွင် ရောနှောပါလာသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး
သန့်ဇင် (NSS) - ဇွန် ၁၂
ပခုက္ကူမြို့၌ အဟောင်းပစ္စည်းများတွင် ရောနှောပါလာသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော ဇွန်လ (၉) ရက်၊ မွန်းလွဲ (၃) နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ မီးသွေးကန်ကျေးရွာ-ပခုက္ကူကားလမ်းရှိ မီးရထားသံလမ်းအနီး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အသက် (၂၄)နှစ်အရွယ် ပခုက္ကူမြို့၊ အမှတ်(၃)ရက်ကွက်တွင် နေထိုင်သူ မရတီစိန်သည် မီးသွေးကန်ကျေးရွာဘက်မှ အဟောင်းပစ္စည်းများဝယ်ယူပြီး ဆိုင်ကယ်ဖြင့်ပြန်လာစဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။
ထိုသို့ပြန်လာစဥ် ၎င်းသယ်ဆောင်လာသည့် ပစ္စည်းအဟောင်းများအတွင်းမှ ရောနှောပါလာသည့် လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် မရတီစိန်သည် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇွန်လ ၁၂ ရက်အတွင်း ပြည်တွင်း/ပြည်ပမှ ထူးခြားသတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း