တပ်မတော်၏ တက္ကသိုလ်များမှ အမျိုးသားနှင့် အမျိုးသမီးသင်တန်းသား ဗိုလ်လောင်းသစ်များ ခေါ်ယူနေ
စော (NSS) - ဇွန် ၁၂
တပ်မတော်၏ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ်များအတွက် အမျိုးသားနှင့် အမျိုးသမီးသင်တန်းသား ဗိုလ်လောင်းသစ်များ ခေါ်ယူနေကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ယမန်နေ့(ဇွန်လ ၁၁ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
လျှောက်ထားလိုသူများသည် ဇန်နဝါရီလ(၁)ရက်တွင် အသက်(၁၆)နှစ်ထက်မငယ်သူဖြစ်ရန်လိုအပ်ပြီး အသက်(၁၉)နှစ်(၆)လထက်မကြီးရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ပြင်အနည်းဆုံး အရပ်(၅)ပေ(၃)လက်မရှိရန် လိုအပ်ပြီး မျက်မှန်တပ်ဆင်ထားသူမဖြစ်ရန်လိုအပ် ကြောင်း သိရသည်။
လျှောက်လွှာများကို ဇွန်လ(၁၂)ရက်တွင် အခမဲ့ထုတ်ယူနိုင်ပြီး ဇူလိုင်လ(၃၁)ရက်တွင် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဝင်ခွင့်စာမေးပွဲကို ဩဂုတ်လ(၁၈)ရက်မှ (၂ဝ)ရက်အထိ တက်ရောက်မည့် တက္ကသိုလ်အလိုက် ဖြေဆိုရမည်ဖြစ်ပြီး နေရာနှင့်အချိန်ကို သတင်းစာတွင် ကြော်ငြာသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပျဉ်းမနား၌ ဆိုင်ကယ်ကယ်ရီစီးလာသည့် ကိုယ်ဝန်သည်တစ်ဦး လမ်းဘေး၌ ကလေးမီးဖွားခဲ့သော်လည်း ကလေးဖြစ်သူသေဆုံး
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း