နတ်မောက် PDF အဖွဲ့က ကျောင်းသား၊ကျောင်းသူ(၁ဝဝ)နီးပါး ပညာသင်ယူနေသည့် မူလတန်းလွန်ကျောင်းကို ခြိမ်းခြောက်စာပေးပို့ခဲ့ဟု ရဲတပ်ဖွဲ့ဆို
သန့်ဇင် (NSS) - ဇွန် ၁၂
ကျောင်းသား၊ကျောင်းသူ (၁ဝဝ)နီးပါး ပညာသင်ယူနေသည့် မူလတန်းလွန်ကျောင်း တစ်ကျောင်းကို နတ်မောက် PDF အဖွဲ့က ခြိမ်းခြောက်စာပေးပို့ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ခြိမ်းခြောက်စာအား ပြီးခဲ့သည့် ဇွန်လ (၉)ရက်၊ နံနက်(၁၁) နာရီခွဲအချိန်၌ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ချောင်းဆုံ(မြောက်)ကျေးရွာရှိ မူလတန်းလွန်ကျောင်းသို့ နတ်မောက် PDF အဖွဲ့မှ လာရောက်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
၎င်းခြိမ်းခြောက်စာတွင် ချောင်းဆုံ(မြောက်) မူလတန်းလွန်ကျောင်းရှိ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများအားလုံးကို ကျောင်းမှထွက်သွားပေးရန်ပါရှိကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါကျောင်း၌ ကျောင်းဆရာ၊ဆရာမ (၇)ဦးက ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၇)ဦးကို ပညာသင်ကြားပေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က အသိပေးပြောဆိုထားသည်။
ထိုသို့ ခြိမ်းခြောက်ခံရသည့် ချောင်းဆုံ(မြောက်)မူလတန်းလွန်ကျောင်းနှင့် ပက်သက်၍ ပါဝင်ပတ်သက်သူများအား ဖော်ထုပ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေး နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်မည်
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း