ရှမ်းပြည်နယ်အတွင်းမှ PDF အဖွဲ့ဝင် (၃)ဦး လက်နက်ခဲယမ်းနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်
NSS - ဇွန် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းမှ PDF အဖွဲ့ဝင်သုံးဦး လက်နက်ခဲယမ်းနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
နစကမှ ဇွန်လ(၁၁)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
၎င်းတို့အား ဇွန်လ(၁၁)ရက်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမတွင် ပြန်လည်လက်ခံခဲ့ကြောင်း သိရသည်။
ထိုသို့လက်ခံခဲ့ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသားသုံးဦးသည် ၎င်းတို့နှင့်အတူပါလာသော လက်ပစ်ဗုံးအား တာဝန်ရှိသူများထံအပ်နှံကာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြောင်း နစကမှဆိုထားသည်။
ထို့ကြောင့် ၎င်းတို့အား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ အပ်နှံခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဧပြီလကလည်း မန္တလေးတိုင်းအတွင်းရှိ PDF အဖွဲ့ဝင် (၈)ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် လာခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။
နစကအနေဖြင့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့မှ အဖွဲ့ဝင်များက ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြန်လည်ဝင်ရောက်မည်ဆိုပါက လက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့ရွှေဈေးအကျပိုင်းရောက်နေသော်လည်း ပြည်တွင်းရွှေဈေးမြင့်တက်နေဆဲဖြစ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ