Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
Show Room ဖွင့်လှစ်ပြီးမှ EV ကားရောင်းရန် ညွှန်ကြားထားသော်လည်းလိုက်နာမှုနည်းပါး

NP News - ဇွန် ၁ဝ

Show Room ဖွင့်လှစ်ပြီးမှ EV ကားရောင်းရန်ညွန်ကြားထားသော်လည်း ဈေးကွက်အတွင်း ကြိုပွိုင့်ရောင်းခြင်းနှင့်တဆင့်ခံရောင်းချမှုများရှိနေကြောင်း ကားဝယ်ရောင်းလုပ်ငန်းရှင်များထံမှသိရသည်။ 

သက်ဆိုင်ရာက EV ကားတင်သွင်းရောင်းချသူများကို အရောင်းပြခန်း (Show Room)အရင်ဆုံးဖွင့်လှစ်ပြီးမှသာ တင်သွင်းလာသော EV ကားများကိုရောင်းချရန် စည်းမျဉ်းကန့်သတ်ထားကြောင်းသိရသည်။ 

“Show Room လဲမရှိဘူး။ တချို့ဆိုမြေနေရာတောင်မရှိသေးတဲ့ ကုမ္ပဏီတွေက EV ကားကြိုပွိုင့်နဲ့ရောင်းနေကြတာ။ နောက်ပြီးတင်သွင်းလာတဲ့ကုမ္ပဏီနာမည်ပေါက်မဟုတ်ဘဲ တဆင့်ခံတခြားကုမ္ပဏီတွေ နာ မည်နဲ့ EV လျှပ်စစ်ကားရောင်းနေကြတယ်။ ဝယ်တဲ့သူက နားမလည်တော့ဝယ်နေတာဘဲ။ ပြောရရင်အာမခံချက်မရှိဘဲ ရောင်းသလိုဖြစ်နေတယ်”ဟု ကားဝယ်ရောင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ 

EV ကားနှင့်ပတ်သက်သည့်အခွန်အခများကို သက်ဆိုင်ရာက ကင်းလွတ်ခွင့်ပေးထားသော်လည်း ဈေးနှုန်းကျဆင်းမှုမရှိဘဲ ဈေးအမြင့်ပိုင်းတွင် ရှိနေကြောင်းသိရသည်။ 

သက်ဆိုင်ရာကသတ်မှတ်ထားသည့် အမြတ်ပမာဏ (၁၅)ရာခိုင်နှုန်းမှ (၂ဝ)ရာခိုင်နှုန်းအတွင်းရောင်းချခြင်းမရှိဘဲ တင်သွင်းလာသည့် ဈေးထက်အမြတ်ပိုကျန်ရန် တဆင့်ခံလက်လွှဲရောင်းချသည့် ပုံစံကျင့်သုံးမှုရှိနေကြောင်းသိရသည်။  

“တရားဝင်ကိုယ်စားလှယ်ကုမ္ပဏီဆီက ဝယ်ရင်တော့ဈေးသက်သာတယ်စိတ်ချရပါတယ်။ ဒါပေမယ့်အခုလျှပ်စစ်ကားတင်သွင်းသူအများစုက တရားဝင်ကိုယ်စားလှယ်မဟုတ်ဘူး။ နိုင်ငံခြားကဝယ်ပြီး ပြည်တွင်းမှာပြန်ရောင်းတဲ့ပုံစံဘဲရှိတယ်။ အများစုက Show Room လဲမရှိဘူး။ Service လဲမရှိဘူး။ မသိဘဲဝယ်လိုက်မိရင် ပျက်တဲ့အခါ ပြင်ဖို့ခက်ကုန်လိမ့်မယ်”ဟု ကားဝယ်ရောင်းတစ်ဦးကပြောသည်။ 

EV ကားတင်သွင်းခွင့်ရရှိထားသည့်ကုမ္ပဏီ (၃ဝ)ကျော်မှ ကား Brand မျိုးစုံတင်သွင်းနေသော်လည်း ဝန်ဆောင်မှုနှင့်အာမခံချက်ပေးနိုင်သည့် ကုမ္ပဏီ နည်းပါးကြောင်းသိရသည်။ 

ပြည်တွင်းသို့တင်သွင်းသော EV လျှပ်စစ်ကား အများစုသည် ငွေကျပ်သိန်း(၇ဝဝ)မှ သိန်း(၁ဝဝဝ)ကြားသာရှိသော်လည်း ဈေးကွက်အတွင်း ကြိုပွိုင့်ဈေးဖြင့်ရောင်းချမှုသည် ငွေကျပ်သိန်း (၁၃ဝဝ)အထက်တွင်ရှိကြောင်းသိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဖူကူရှီးမား နျူကလီးယားစက်ရုံမှ ညစ်ညမ်းရေဆိုးတွေ စွန့်ပစ်ဖို့အစီအစဉ်မစတင်မီ တောင်ကိုရီးယားရဲ့ ပယ်လယ်ဆား စျေးကွက်အဝယ်လိုက်နေ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved