ညောင်လေးပင်မြို့နယ်ရှိ ကျေးလက်ဒေသဖွံဖြိုးရေးတံတား မိုင်းခွဲဖျက်ဆီးခံရ
Pearl (NP News) - ဇွန် ၁ဝ
ပဲခူးတိုင်း (အရှေ့ခြမ်း)၊ ညောင်လေးပင်မြို့နယ်ရှိ ကျေးလက်ဒေသဖွံဖြိုးရေးတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ NP News ကိုပြောသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၁ဝ ရက်) ၊ နံနက် (၆)နာရီခွဲအချိန်ခန့်တွင် ညောင်လေးပင်မြိုနယ်၊ ဂွေးကုန်းကျေးရွာအုပ်စု၊ ကောက်မယ်သူကျေးရွာအနီးရှိ ရေဖြူကန်-ချုံအင်း-ဒလဆိပ်လမ်းပေါ်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းပေါ်ရှိ အရှည်(၁၁ဝ)ပေ၊ အကျယ်(၁၄)ရှိသော ကျေးလက်ဒေသဖွံဖြိုးရေးတံတားအား KNU/PDF အဖွဲ့များမှ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
"တံတားမိုင်းခွဲခံရတဲ့ဖြစ်စဉ်က ဟုတ်ပါတယ်။ အဲဒီတံတားက ဂွေးကုန်းကျေးရွာနဲ့ ကောက်မယ်သူကျေး ရွာကို ဆက်သွယ်ထားတဲ့ တံတားတစ်ခုလည်းဖြစ်တယ်။ မိုင်းခွဲဖျက်ဆီးခံရတာကြောင့် တံတားရဲ့ သုံးပုံတစ်ပုံလောက်က ပျက်စီးသွားခဲ့တယ်"ဟု အထက်ပါ သတင်းအရင်းအမြစ်မှ NP News ကိုပြောသည်။
မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် တံတားပြိုကျပျက်စီးသွားခဲ့ပြီး လက်ရှိတွင် ဒေသခံပြည်သူများ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ (၆)ရက်ကလည်း PDF ပူးပေါင်းအဖွဲ့သည် နတ်သံကွင်း-စစ်တောင်းမြစ်ကူးတံတား၌ လုံခြုံရေးယူနေသည့်အဖွဲ့ကိုလာရောက်တိုက်ခိုက်ခဲ့ပြီးနောက် တံတားအားဖျက်ဆီးခဲ့မှုကြောင့် မြစ်ကူးတံတား (၆၅) ပေခန့် ပြိုကျပျက်စီးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် ပဲခူးတိုင်း(အရှေ့ခြမ်း)၌ တိုက်ပွဲများဖြစ်ပွားနေသည့်အပြင် တံတားများမိုင်းခွဲဖျက်ဆီးခံရမှုသည် ဆက်တိုက်ဖြစ်ပေါ်လာနေပြီး ညောင်လေးပင်မြို့နယ်၊ ကျောက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့ နယ်များတွင် ပြီးခဲ့သည့် မေလ(၁)ရက်မှစ၍ ယနေ့ (ဇွန်လ ၁ဝ ရက်)အထိ မိုင်းခွဲဖျက်ဆီးခံခဲ့ရသော တံတား (၈)စင်းထက် မနည်းရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုလသမဂ္ဂအထူးကိုယ်စားလှယ်အား မလိုလားအပ်သည့်ပုဂ္ဂိုလ်အဖြစ် ဆူဒန်ကြေညာ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ