ရုရှားနိုင်ငံထံမှ ဝယ်ယူပိုင်ဆိုင်ထားသော Su -30 ဘက်စုံသုံးတိုက်လေယာဉ်တစ်စင်း၏ စစ်စွမ်းရည်များကို ထုတ်ဖော်ပြသ
NP News - ဇန်နဝါရီ ၅
ရုရှားနိုင်ငံထံမှ ဝယ်ယူပိုင်ဆိုင်ထားသော Su -30 ဘက်စုံသုံးအကြီးစားတိုက်လေယာဉ်တစ်စင်း၏ စစ်စွမ်းရည်များကို တပ်မတော်ဘက်က ထုတ်ဖော်ပြသလိုက်သည်။
နေပြည်တော်ရှိ ဗိုလ်ရှုခံရင်ပြင်၌ ဇန်နဝါရီလ ၄ ရက်က ကျင်းပပြုလုပ်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် Su -30 ၏ စွမ်းရည်များကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်။
အဆိုပါ Su -30 ဘက်စုံသုံးအကြီးစားတိုက်လေယာဉ်အနေဖြင့် တိုက်လေယာဉ်များ၏ အဆင့်မြင့်လှုပ်ရှားစစ်ကစားမှု High Performance Maneuver များကို စွမ်းရည်ပြ ပျံသန်းခြင်းများဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နစကဘက်က ပြောဆိုထားသည်။
ထို့ပြင် လွတ်လပ်ရေးနေ့အခမ်းအနား၌ တပ်မတော်(လေ)မှ စမ်းသပ်ထုတ်လုပ်ထားသည့် MTX-1A အပါအဝင် PT-6 လေယာဉ် (၁၅)စင်းကိုလည်း ထုတ်ဖော်ပြသခဲ့သည်ကို တွေ့ရှိရသည်။
တရုတ်နိုင်ငံထံမှ ဝယ်ယူထားသည့် FTC- 2000 G ဂျက်တိုက်လေယာဉ် လေးစင်းကိုလည်း ယင်းအခမ်းအနားတွင် ထုတ်ဖော်ပျံသန်းပြကာ နစကအကြီးအကဲအား ချီးတက်အလေးပြုခဲ့ကြောင်း တွေ့ရှိရသည်။
အလားတူ Mi-35 P ရဟတ်ယာဉ်၊ Eurocopter ရဟတ်ယာဉ်၊ Y-12 သယ်ယူပို့ဆောင်ရေးလေယာဉ်၊ ATR 72 သယ်ယူပို့ဆောင်ရေးလေယာဉ်၊ MiG -29 ဘက်စုံသုံးတိုက်လေယာဉ်၊ K-8 W ဂျက်တိုက်လေယာဉ်၊ A-5 ဗုံးကြဲလေယာဉ်၊ Yak – 130 ဂျက်တိုက်လေယာဉ်နှင့် F-7 ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်တို့ကိုလည်း ထုတ် ဖော်ပျံသန်းပြခဲ့ကြောင်း တွေ့ရှိရသည်။
zawgyi version
႐ုရွားႏိုင္ငံထံမွ ဝယ္ယူပိုင္ဆိုင္ထားေသာ Su -30 ဘက္စုံသုံးတိုက္ေလယာဥ္တစ္စင္း၏ စစ္စြမ္းရည္မ်ားကို ထုတ္ေဖာ္ျပသ
NP News - ဇန္နဝါရီ ၅
႐ုရွားႏိုင္ငံထံမွ ဝယ္ယူပိုင္ဆိုင္ထားေသာ Su -30 ဘက္စုံသုံးအႀကီးစားတိုက္ေလယာဥ္တစ္စင္း၏ စစ္စြမ္းရည္မ်ားကို တပ္မေတာ္ဘက္က ထုတ္ေဖာ္ျပသလိုက္သည္။
ေနျပည္ေတာ္ရွိ ဗိုလ္ရႈခံရင္ျပင္၌ ဇန္နဝါရီလ ၄ ရက္က က်င္းပျပဳလုပ္သည့္ (၇၅)ႏွစ္ေျမာက္ စိန္ရတုလြတ္လပ္ေရးေန႔အခမ္းအနားတြင္ Su -30 ၏ စြမ္းရည္မ်ားကို ထုတ္ေဖာ္ျပသလိုက္ျခင္းျဖစ္သည္။
အဆိုပါ Su -30 ဘက္စုံသုံးအႀကီးစားတိုက္ေလယာဥ္အေနျဖင့္ တိုက္ေလယာဥ္မ်ား၏ အဆင့္ျမင့္လႈပ္ရွားစစ္ကစားမႈ High Performance Maneuver မ်ားကို စြမ္းရည္ျပ ပ်ံသန္းျခင္းမ်ားေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း နစကဘက္က ေျပာဆိုထားသည္။
ထို႔ျပင္ လြတ္လပ္ေရးေန႔အခမ္းအနား၌ တပ္မေတာ္(ေလ)မွ စမ္းသပ္ထုတ္လုပ္ထားသည့္ MTX-1A အပါအဝင္ PT-6 ေလယာဥ္ (၁၅)စင္းကိုလည္း ထုတ္ေဖာ္ျပသခဲ့သည္ကို ေတြ႕ရွိရသည္။
တ႐ုတ္ႏိုင္ငံထံမွ ဝယ္ယူထားသည့္ FTC- 2000 G ဂ်က္တိုက္ေလယာဥ္ ေလးစင္းကိုလည္း ယင္းအခမ္းအနားတြင္ ထုတ္ေဖာ္ပ်ံသန္းျပကာ နစကအႀကီးအကဲအား ခ်ီးတက္အေလးျပဳခဲ့ေၾကာင္း ေတြ႕ရွိရသည္။ အလားတူ Mi-35 P ရဟတ္ယာဥ္၊ Eurocopter ရဟတ္ယာဥ္၊ Y-12 သယ္ယူပို႔ေဆာင္ေရးေလယာဥ္၊ ATR 72 သယ္ယူပို႔ေဆာင္ေရးေလယာဥ္၊ MiG -29 ဘက္စုံသုံးတိုက္ေလယာဥ္၊ K-8 W ဂ်က္တိုက္ေလယာဥ္၊ A-5 ဗုံးႀကဲေလယာဥ္၊ Yak – 130 ဂ်က္တိုက္ေလယာဥ္ႏွင့္ F-7 ၾကားျဖတ္တိုက္ခိုက္ေရးေလယာဥ္တို႔ကိုလည္း ထုတ္ ေဖာ္ပ်ံသန္းျပခဲ့ေၾကာင္း ေတြ႕ရွိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂)နှစ်အတွင်း ကမ္ဘာ့အဆင့်(၁၅၉) နေရာသို့ရောက်ရှိသွားသည့် မြန်မာလက်ရွေးစင်ဘောလုံးအသင်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ