ရခိုင်ပြည်နယ်အတွင်းပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ် ခရီးစဉ်ကို တစ်ပတ်ခန့်ကြာ ရပ်နားမည်
NP News - ဇွန် ၁ဝ
ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်မှ ခရီးစဉ်များကို တစ်ပတ်ခန့်ကြာရပ်နားသွားမည်ဖြစ်ကြောင်း အဆိုပါ ရေယာဉ်လိုင်းထံမှ သိရသည်။
ရာသီဥတုမငြိမ်သက်မှုများ ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်နေခြင်းကြောင့် ဇွန်လ ၈ ရက်မှ စတင်ကာ ရွှေပြည်တန်အမြန်ရေယာဉ်လိုင်း ပြေးဆွဲပေးမှုကို တစ်ပတ်ခန့်ရပ်နားထားခဲ့ကြောင်း သိရသည်။
ရွှေပြည်တန်ရေယာဉ်လိုင်းအနေဖြင့် ပြေးဆွဲပေးမှုရပ်နားသည့် ခရီးစဉ်များသည် စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်နီမော်၊ တောင်ကုတ်ခရီးစဉ်နှင့် တောင်ကုတ် မာန်အောင် ခရီးစဉ်များဖြစ်ကြောင်း သိရ သည်။
အဆိုပါ ခရီးစဉ်များပြန်လည်ပြေးဆွဲမည့်ရက်ကို ကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်းလည်း ရွှေပြည်တန်ရေယာဉ်လိုင်း၏တာဝန်ရှိသူက ပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ရေကြောင်းခရီးစဉ်များကို ပြေးဆွဲပေးနေသည့် ရွှေပြည်တန်ရေယာဉ်လိုင်းအနေဖြင့် ပြီးခဲ့သည့် မေလ ၁၂ ရက်က မိုခါမုန်တိုင်းကြောင့် ခရီးစဉ်များကို ရပ်နားခဲ့ရကာ မေလ ၂၂ ရက်တွင် ပြန်လည်ပြေးဆွဲခဲ့သည်။
ယခုအခါတွင်လည်း မုန်တိုင်းအန္တရာယ်ဖြစ်နိုင်မယ့် ရာသီဥတုအခြေအနေများကြောင့် ရေယာဉ်လိုင်းပြေးဆွဲပေးမှုကို ရပ်နားထားခြင်းဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ဆူဒန်နိုင်ငံ မြောက်ပိုင်းရှိ စစ်ဘေးရှောင်စခန်းအနီးတိုက်ပွဲတွေ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ (၁၃)ဦး သေဆုံး
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း