တန်ပြန်ထိုးစစ်ဆင်ချိန်အတွင်း ယူကရိန်းတပ်ဖွဲ့ဝင်များ အကြီးအကျယ် ထိခိုက်ရှုံးနိမ့်နေဟု ရုရှားသမ္မတပူတင်ပြော
ဂျန်ဇက် (NP News) - ဇွန် ၁ဝ
ယူကရိန်းတပ်ဖွဲ့များဟာ ကာလအတန်ကြာမျှော်လင့်နေတဲ့ တန်ပြန်ထိုးစစ်ဆင်မှုများကို စတင်ခဲ့ပေမယ့် ရှေ့တန်းစစ်မျက်နှာပြင်မှာ ရုရှားတပ်ဖွဲ့ဝင်များကို ထိုးဖောက်နိုင်ခြင်းမရှိဘဲ အကြီးအကျယ် ထိခိုက်ဆုံးရှုံးနေတယ်လို့ ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရုရှားသမ္မတက "ယူကရိန်းတပ်ဖွဲ့တွေဟာ မျှော်လင့်ထားတဲ့အတိုင်း တန်ပြန်ထိုးစစ်ဆင်ခဲ့တယ်။ ဒါပေမယ့် ယူကရိန်းတပ်ဖွဲ့တွေဟာ တိုက်ပွဲတွေမှာရည်မှန်းချက်များကိုရရှိအောင် လုပ်ဆောင်နိုင်ခြင်းမရှိသေးဘူး၊ ကျွန်တော်အမြင်တော့ ရှေ့တန်းတိုက်ပွဲတွေမှာ ယူကရိန်းတပ်ဖွဲ့တွေအကြီးအကျယ်အထိနာနေတယ်" လို့ပြောပါတယ်။
ရုရှားဟာ(၁၅)လကျော်ကြာနေပြီဖြစ်တဲ့ စစ်ပွဲအတွင်း ယူကရိန်းပိုင်နက် လေးခုကို သိမ်း ပိုက်ထားရာ ယူကရိန်းက ဆုံးရှုံးထားတဲ့ ပိုင်နက်များကို ပြန်လည်သိမ်းပိုက်နိုင်ဖို့တန် ပြန်ထိုးစစ်ဆင်နေကြောင်းသိရပါတယ်။ ယူကရိန်းအာဏာပိုင်များကတော့ ရုရှားအပေါ် တန် ပြန်ထိုးစစ်ဆင်မှု စတင်ခြင်း ရှိ၊ မရှိဆိုတဲ့အချက်ကို အတည်ပြုခြင်းမရှိသလို ငြင်းဆန်ခြင်းလည်း မရှိကြောင်းသိရပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးဟာ သိမ်းပိုက်ခံထားရတဲ့ မြို့များကနေ ရုရှားတပ်ဖွဲ့တွေကို ပြန်လည်တိုက်ထုတ်နိုင်ဖို့ ကြိုးပမ်းနေခဲ့ပြီး အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံများထံကနေ စစ်လက်နက်ပစ္စည်းများအကူညီရယူခဲ့ကြောင်းသိရပါတယ်။
အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက ရုရှားကို လိုအပ်တဲ့စစ်လက်နက်ပစ္စည်းများ ကူညီပေးခဲ့ကြောင်းသိရပါတယ်။ ယူကရိန်းစစ်ပွဲလေ့လာသုံးသပ်သူများကလည်း ယူကရိန်းတပ်ဖွဲ့တွေဟာ နိုင်ငံအရှေ့တောင်ပိုင်းနဲ့ အရှေ့ဘက်ပိုင်းရှိ စစ်မျက်နှာပြင်တစ်လျှောက်မှာ ရုရှားတပ်ဖွဲ့တွေကို ပြန်လည်တိုက်ခိုက်နေကြောင်း သုံးသပ်ပြောဆိုထားပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းတပ်ဖွဲ့တွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ချိုးနှိမ်နိုင်မှုနဲ့အတူ စစ်လက်နက်ပစ္စည်းအများအပြားကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရုရှားစစ်ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ နုတ်ထွက်လိုက်ကြောင်း ဝန်ကြီးချုပ်ဟောင်း ဘော်ရစ်ဂျွန်ဆင် အသိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ