ခရီးသည်တင်ကားပေါ်၌ ခရီးသည်(၂)ဦးသယ်ဆောင်လာသည့် ကျောမှီမွေ့ယာများအတွင်းမှ ငွေကျပ် (၁)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
Pearl (NP News) - ဇွန် ၁ဝ
ခရီးသည်တင်ကားပေါ်၌ ခရီးသည် (၂)ဦး သယ်ဆောင်လာသည့် ကျောမှီမွေ့ယာများအတွင်းမှ ငွေကျပ် (၁ ဒသမ ၃၃)ဘီလျံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
အဆိုပါမူးယစ်ဆေးများအား ပြီးခဲ့သည့် ဇွန်လ(၄) ရက်၊ ည (၁ဝ)နာရီအချိန်ခန့်တွင် မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံရှာဖွေစစ်ဆေးရေးစခန်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ကျွဲတပ်ဆုံရှာဖွေစစ်ဆေးရေးစခန်းတွင် တောင်ကြီးမှ သာစည်ဘက်သို့ မောင်းနှင်လာသည့် Express ခရီးသည်တင် မော်တော်ယာဉ်ကို သတင်းအရရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်၌ပါလာသည့် ခရီးသည် မနန်းမိုးဇာ နှင့် ခွန်မြမောင်တို့နှစ်ဦး သယ်ဆောင်လာသည့် ကျောမှီမွေ့ယာများအတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ် (၁ ဒသမ ၃၃)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၈၈၇၂၅ဝ) ပြားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ တောင်ကြီးမြို့မှ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။
လက်ရှိတွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေသအချို့၌ လေပြင်းတိုက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလအသိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း