မုံရွာမြို့ရှိ အင်းစပ်တစ်ခု၌ စွန့်ပစ်ထားသည့် မွေးကင်းစကလေးငယ်အလောင်း တွေ့ရှိ
NP News - ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အင်းစပ်တစ်ခု၌ စွန့်ပစ်ထားသည့် မွေးကင်းစကလေးငယ်အလောင်း(၁)လောင်းကို တွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။
ယနေ့ (ဇန်နဝါရီလ ၅ ရက်) နေ့လည်ပိုင်းတွင် မုံရွာမြို့၊ ကားလေးကွင်းအနီးရှိ ထန်းတောအင်းအတွင်း၌ မွေးကင်းစကလေးငယ်၏အလောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့)က NP News ကို ပြောသည်။
“ကလေးက စွန့်ပစ်ခံထားရတာပါ။ အဲဒါကို ငါးဖမ်းသမားတွေက တွေ့လို့ ရုံးကို အ ကြောင်းကြားပေးလို့ ကျွန်တော်တို့ သွားပြီးတော့ သယ်ထားတာပါ။ ကလေးငယ်လေးက ယောကျားလေးပါ။ ကျန်တာတော့ အတိအကျမသိရသေးဘူး။ ကလေး မျက်နှာရဲ့အသွင်အပြင်က ရေနစ်ထားတာဆိုတော့ မျက်နှာက ဖောင်းပွပြီးတော့ မျက်လုံးတွေက ပြူးထွက်နေတာပေါ့” ဟု အထက်ပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့)အနေဖြင့် ကလေးငယ် ၏အလောင်းအား ဆယ်ယူကာ မုံရွာဆေးရုံကြီးမှတစ်ဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
zawgyi version
မုံ႐ြာၿမိဳ႕ရွိ အင္းစပ္တစ္ခု၌ စြန႔္ပစ္ထားသည့္ ေမြးကင္းစကေလးငယ္အေလာင္း ေတြ႕ရွိ
NP News - ဇန္နဝါရီ ၅
စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ရွိ အင္းစပ္တစ္ခု၌ စြန႔္ပစ္ထားသည့္ ေမြးကင္းစကေလးငယ္အေလာင္း(၁)ေလာင္းကို ေတြ႕ရွိခဲ့ရေၾကာင္း သတင္းရရွိသည္။
ယေန႔ (ဇန္နဝါရီလ ၅ ရက္) ေန႔လည္ပိုင္းတြင္ မုံ႐ြာၿမိဳ႕၊ ကားေလးကြင္းအနီးရွိ ထန္းေတာအင္းအတြင္း၌ ေမြးကင္းစကေလးငယ္၏အေလာင္းကို ေတြ႕ရွိခဲ့ရျခင္းျဖစ္ ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မုံ႐ြာၿမိဳ႕)က NP News ကို ေျပာ သည္။
“ကေလးက စြန႔္ပစ္ခံထားရတာပါ။ အဲဒါကို ငါးဖမ္းသမားေတြက ေတြ႕လို႔ ႐ုံးကို အ ေၾကာင္းၾကားေပးလို႔ ကြၽန္ေတာ္တို႔ သြားၿပီးေတာ့ သယ္ထားတာပါ။ ကေလးငယ္ေလးက ေယာက်ားေလးပါ။ က်န္တာေတာ့ အတိအက်မသိရေသးဘူး။ ကေလး မ်က္ႏွာရဲ႕အသြင္အျပင္က ေရနစ္ထားတာဆိုေတာ့ မ်က္ႏွာက ေဖာင္းပြၿပီးေတာ့ မ်က္လုံးေတြက ျပဴးထြက္ေနတာေပါ့” ဟု အထက္ပါအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မုံ႐ြာၿမိဳ႕)အေနျဖင့္ ကေလးငယ္ ၏အေလာင္းအား ဆယ္ယူကာ မုံ႐ြာေဆး႐ုံႀကီးမွတစ္ဆင့္ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံထံမှ ဝယ်ယူပိုင်ဆိုင်ထားသော Su -30 ဘက်စုံသုံးတိုက်လေယာဉ်တစ်စင်း၏ စစ်စွမ်းရည်များကို ထုတ်ဖော်ပြသ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း