တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်း (၁၅ဝဝ)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Pearl (NP News) - ဇွန် ၈
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း (၁၅ဝဝ)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၇ ရက်)၊ ည (၁ဝ)နာရီ အချိန်ခန့်တွင် တာချီလိတ်မြို့နယ်၊ မယ်ခေါင်ရပ် ကွက်၊ မြို့ပတ်လမ်းရှိ KTV တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ KTV ၌ ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အိုက်ဝမ်နှင့် စိုင်းလှိုင်းဦး(ခ)ထွန်းဦးတို့ထံမှ စိတ်ပြောင်းဆေးဝါး(Happy Water) အလေးချိန် ၄၂ဝ ဂရမ်(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၄၆၂ သိန်း)နှင့် လက်ကိုင်ဖုန်း(၂)လုံးတို့အားတွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ ည ၁ဝ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် စိုင်းဆိုင်တစ်(ခ)စိုင်းဆိုင်ခေးအား အဆိုပါမြို့ပတ်လမ်းရှိ KTV ဆိုင်ရှေ့တွင် မော်တော်ဆိုင်ကယ်တစ်စီး ၊ စိတ်ပြောင်းဆေးဝါး (Happy Water) အလေးချိန် ၉၈ဝ ဂရမ် (ဒေသကာလပေါက်ဈေး တန်ဖိုးငွေ ၁ဝ၇၈ သိန်း)၊ လက်ကိုင်ဖုန်းတို့နှင့်အတူ ထပ်မံတွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူများအား တာချီလိတ်မြို့မရဲစခန်းတွင် ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်များအား ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမရပူရမြို့နယ်တွင် ဆိုင်ကယ်နှင့်ကား ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူသေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း