ကားတစ်စီးမှသံဃာတစ်ပါးအား ဝင်တိုက်မိပြီးနောက် ဆေးခန်းသို့ပို့ဆောင်ပေးမည်ဟုပြောဆိုကာ ရုပ်အလောင်းအား စွန်ပစ်ထွက်ပြေးသွားမှု မန္တလေး၌ဖြစ်ပွား
NP News - ဇွန် ၇
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ဥပုဒ်တော်ရပ်ကွက်တွင် Light Truck ကားမှ ဆွမ်းခံကြွလာသည့် သံဃာတော်တစ်ပါးအားတိုက်မိပြီး သံဃာတော်အလောင်းအား စွန်ပစ်ထွက်ပြေးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၆ ရက်)၊ နံနက်(၅)နာရီအချိန်တွင် ဥပုဒ်တော်ရပ်ကွက်၊ မန္တလေးတောင်၊ အနောက်ဘက်ဂေါက်ကွင်းအနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ပရဟိတမင်းခေါင်းရှာဖွေကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
“အဲဒီဘုန်းဘုန်းက ဘုန်းကြီးကျောင်းကနေ အိမ်တွေကိုဆွမ်းခံကြွတာပေါ့။လိုက်ထရပ်ကားက ဂေါက် ကွင်းဘေးနားရောက်တော့ တောင်ပေါ်ကိုအသွား ဘုန်းဘုန်းကတောင်ပေါ်ကအဆင်း အဲဒီမှာဝင်တိုက်မိတာပါ”ဟု ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။
အဆိုပါဘုန်းဘုန်းအား နံနက်(၈)နာရီအချိန်တွင် တမာပင်အောက်၌ ပျံလွန်တော်မူလျက်ရှိနေသည့် အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
“အဲဒီဘုန်းဘုန်းနဲ့ပါသွားတဲ့ဒုလ္လဘကို သူတို့ဆေးခန်းကိုလိုက်ပို့ပေးမယ်လို့ပြောတော့ ဒုလ္လဘက ကျောင်းပြန်ပြီးအကြောင်းကြားတယ်။ အဲဒီဆေးခန်းကို မေးတော့မရောက်သေးဘူးဆိုပြီးလိုက်ရှာတော့ တမာပင်အောက်မှာ ခွေခွေလေးနဲ့ သင်္ကန်းက မျက်နှာကိုအုပ်ထားတဲ့ပုံစံနဲ့ ပြန်ရှာတွေ့ပါတယ်”ဟု ၎င်းကဆက် လက်ပြောဆိုထားသည်။
ပျံလွန်တော်မူသွားသည့် ဘုန်းဘုန်း၏ဘွဲ့အမည်သည် ဦးဩဘာသဖြစ်ပြီး သက်တော်(၉၃)နှစ်နှင့် ဝါတော်(၂၅)ဝါဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဘုန်းဘုန်း၏ရုပ်အလောင်းအား ၎င်းသတင်းသုံးရာ ဘုန်းကြီးကျောင်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်၌ ငွေကျပ် (၄၅)ဘီလျံဝန်းကျင် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ဟု စာရင်းထွက်ပေါ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း