ပြည်ကြီးတံခွန်မြို့တွင် (၆)ဘီးကားနှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းသည့် အမျိုးသား(၁)ဦး သေဆုံး
စော (NP News) - ဇွန် ၇
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် (၆)ဘီးကားနှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းသည့် အမျိုးသား(၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၆ ရက်)၊ ညန(၃)နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ (၅၆)လမ်း၊ (၁၁၆/၁၁၇) ကြား၌အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း မြရည်နန္ဒာလူမှုကူညီရေးအသင်းထံမှ သိရသည်။
“(၆)ဘီးကားကလည်း ဘရိတ်ပေါက်သွားတယ်။ ဆိုင်ကယ်ကလည်း အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်တိုက်ကြတာပါ။ ဆိုင်ကယ်ပေါ်မှာ တစ်ယောက်ထဲပါတာပါ။ ဦးခေါင်းပွင့်ပြီး ဦးနှောက်တွေအကုန်ထွက်ပြီး ဆုံးသွားပါတယ်”ဟု မြရည်နန္ဒာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။
ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ၎င်းနှင့်ပတ်သက်သည့်မည်သည့်အချက်အလက်မှ မသိရသေးကြောင်း သိရသည်။
လက်ရှိတွင် ၎င်း၏ရုပ်အလောင်းအား မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုခါမုန်တိုင်းဒဏ်သင့်ဒေသများကိုကူညီရန် အလှူငွေကျပ် (၂၆)ဘီလျံနှင့် ဒေါ်လာ (၄)သိန်းနီးပါးရရှိထား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း