တောင်ကြီးမြို့တွင် ဖယောင်းတိုင်မီးထွန်းထားရာမှ မီးလောင်မှုဖြစ်ပွား၍ နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံး
စော (NP News) - ဇွန် ၇
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တွင် ဖယောင်တိုင်မီးထွန်းထားရာမှတစ်ဆင့် မွေ့ယာပေါ်မီးကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့( ဇွန်လ ၆ ရက်)၊ ည(၈)နာရီအချိန်တွင် တောင်ကြီးမြို့နယ်၊ ဘုရားဖြူရပ်ကွက်၊ အမှတ် (၂/၄၆၄) တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း တောင်ကြီးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါနေအိမ်အောက်ထပ်ရှိ အိပ်ခန်းတွင် ဖယောင်းတိုင် မီးထွန်းထားရာမှတစ်ဆင့် မွေ့ယာပေါ်သို့ မီးကူးစက်ပြီး နေအိမ်မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် နေအိမ်ရှိ အပေါ်ထပ်နှင့် အောက်ထပ်ရှိ အသုံးအဆောင်ပစ္စည်းများ မီးလောင်ကျွမ်းခဲ့ပြီး ငွေကျပ်သိန်း(၂ဝ)နီးပါး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုအား ည(၈)နာရီခွဲအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး လူနှင့်တိရိစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း တောင်ကြီးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ကြီးတံခွန်မြို့တွင် (၆)ဘီးကားနှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းသည့် အမျိုးသား(၁)ဦး သေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း