Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံနယ်မြေကို အသုံးပြုပြီး အိမ်နီးချင်းမိတ်ဆွေနိုင်ငံများအပေါ် ဆန့်ကျင်မည့် မည်သည့်အဖွဲ့အစည်းကိုမှ လက်ခံသွားမည် မဟုတ်ကြောင်း နစက ဥက္ကဋ္ဌပြော

NP News - ဇန်နဝါရီ ၅

နိုင်ငံနယ်မြေကို အသုံးပြုပြီး အိမ်နီးချင်းမိတ်ဆွေနိုင်ငံများအပေါ် ဆန့်ကျင်မည့် မည်သည့်အဖွဲ့အစည်းကိုမှ လက်ခံသွားမည် မဟုတ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (ဇန်နဝါရီလ ၄ ရက်)တွင် ကျင်းပခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင်မိန့်ခွန်းပြောကြားရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်၏ လုပ်ငန်းတာဝန်များအား ထမ်းဆောင်လျက်ရှိကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံ၊ ဘင်းမ်စတက်စသည့် ဒေသတွင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ ၊ အခြားကမ္ဘာ့နိုင်ငံများနှင့်လည်း နိုင်ငံတကာဥပဒေများ၊ ပဋိဉာဉ်များ၊ သဘောတူညီချက်များနှင့်အညီ ဆက်သွယ် ဆက်ဆံဆောင်ရွက်နေကြောင်း ၎င်းမှထည့်သွင်းပြောသည်။

"ကျွန်တော်တို့အစိုးရအနေနဲ့ “ကျွန်တော်တို့ နိုင်ငံနယ်မြေကို အသုံးပြုပြီး အိမ်နီး ချင်းမိတ်ဆွေနိုင်ငံတွေအပေါ် ဆန့်ကျင်မယ့် မည်သည့်အဖွဲ့အစည်းကိုမှ လက်ခံသွားမည် မဟုတ်” ဆိုတဲ့ အိမ်နီးချင်းနိုင်ငံများ၏တည်ငြိမ်အေးချမ်းမှု၊ အတူဖွံ့ဖြိုးတိုးတက်မှုတို့ကို အလေးထားတဲ့မူဝါဒကို လက်တွေ့ကျင့်သုံးလျက်ရှိပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံများနဲ့လည်း နီးစပ်စွာ ဆက်သွယ်ဆက်ဆံဆောင်ရွက်လျက်ရှိပါတယ်”ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုသည့် အချို့အဖွဲ့အစည်းများ၊ နိုင်ငံများ၏ စွက်ဖက်မှု၊ နှောင့်ယှက်လုပ်ဆောင်မှုများရှိခဲ့ပြီး နိုင်ငံအနေဖြင့် ကမ္ဘာ့မိသား စုဝင်နိုင်ငံတစ်ခုအဖြစ် ခိုင်မာစွာရပ်တည်ပြီး ပြဋ္ဌာန်းထားသည့် နိုင်ငံခြားရေးမူဝါဒအတိုင်း ရပ်တည်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏အချုပ်အခြာအာဏာ၊ နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားအပေါ်တွင်သာ ရပ်တည်သွားမည်ဟု ၎င်းက မှတ်ချက်ပြုထားသည်။

ထို့ပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများနှင့် အထူးသဖြင့် နီးကပ်စွာ ဆက်သွယ်ဆက်ဆံပူးပေါင်းဆောင်ရွက်နေကြောင်းနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အလေးထား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌမှ ပြောသည်။


zawgyi version


NP News - ဇန်နဝါရီ ၅








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာ-တရုတ် နယ်စပ်ဂိတ်သုံးခုကို ဇန်နဝါရီလ (၈)ရက်တွင် ပြန်လည်ဖွင့်လှစ်မည်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved