လွတ်လပ်ရေးနေ့ပွဲတက်ပြီး ပြန်လာသည့် ALP ပါတီမှ ဗိုလ်ချုပ်တစ်ဦးပါ (၃)ဦး မောင်းနှင်လာသည့်ကား ပစ်ခတ်တိုက်ခိုက်ခံရကာ နေရာ၌ပင်သေဆုံး
NP News - ဇန်နဝါရီ ၅
စိန်ရတုလွတ်လပ်ရေးနေ့ပွဲ တက်ရောက်ပြီး ပြန်လာသော ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP)မှ ဗိုလ်ချုပ်တစ်ဦးအပါအဝင်(၃)ဦး မောင်းနှင်လာသည့်ကား ပစ်ခတ်တိုက်ခိုက်ခံရကာ နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၌ ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာအနီးရှိ သတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။
စစ်တွေမြို့ရှိ ဝေသာလီကွင်းတွင် ကျင်းပသော (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ALP ပါတီမှ ဗဟိုကော်မတီဝင်ဖြစ်သူ ဗိုလ်ချုပ်ခိုင်စိုးမြအပါအဝင် ဗိုလ်မှူးကြီးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦး သွားရောက်ကာ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ လွတ်လပ်ရေးအခမ်းအနားသို့ တက်ရောက်ပြီး ကားဖြင့် ပြန်လာစဉ်အချိန် စက်ရုံစုရပ်ကွက်အရောက်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့က လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။
၎င်းကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် ALP ပါတီမှ ဗိုလ်ချုပ်ခိုင်စိုးမြအပါအဝင် (၃)ဦးမှာ သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ NP News အနေဖြင့် ALP ပါတီမှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါ်စောမြရာဇာလင်းထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံ တစ်ရာထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးပေ။
လက်ရှိတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)သည် နစကမှ ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးနေသည့် ရခိုင်လက်နက် ကိုင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။
ထို့ပြင် ALP ပါတီမှ ဒုတိယဗိုလ်မှူးကြီးခိုင်ပေါ်လင်းအပါအဝင် ပါတီအဖွဲ့ဝင် (၁ဝ)ဦးထက်မနည်းကို ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော ULA/AA က ဖမ်း ဆီးထားကြောင်း သိရသည်။ ရခိုင်ပြည်နယ်၌ ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းတွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ULA/AA တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်စဲထားပြီး ဒေသအတွင်း၌ တည်ငြိမ်မှုရှိလာခဲ့ကြောင်း ဒေသခံများက ဆိုပြောထားမှုများရှိခဲ့သည်။
zawgyi version
လြတ္လပ္ေရးေန႔ပြဲတက္ၿပီး ျပန္လာသည့္ ALP ပါတီမွ ဗိုလ္ခ်ဳပ္တစ္ဦးပါ (၃)ဦး ေမာင္းႏွင္လာသည့္ကား ပစ္ခတ္တိုက္ခိုက္ခံရကာ ေနရာ၌ပင္ေသဆုံး
NP News - ဇန္နဝါရီ ၅
စိန္ရတုလြတ္လပ္ေရးေန႔ပြဲ တက္ေရာက္ၿပီး ျပန္လာေသာ ရခိုင္ျပည္လြတ္ေျမာက္ ေရးပါတီ(ALP)မွ ဗိုလ္ခ်ဳပ္တစ္ဦးအပါအဝင္(၃)ဦး ေမာင္းႏွင္လာသည့္ကား ပစ္ခတ္တိုက္ခိုက္ခံရကာ ေနရာ၌ပင္ ေသဆုံးသြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕၊ စက္႐ုံစုရပ္ကြက္၌ ဇန္နဝါရီလ ၄ ရက္ နံနက္ပိုင္းတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ပြားရာေနရာအနီးရွိ သတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာသည္။
စစ္ေတြၿမိဳ႕ရွိ ေဝသာလီကြင္းတြင္ က်င္းပေသာ (၇၅)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔အခမ္းအနားသို႔ ALP ပါတီမွ ဗဟိုေကာ္မတီဝင္ျဖစ္သူ ဗိုလ္ခ်ဳပ္ခိုင္စိုးျမအပါအဝင္ ဗိုလ္မႉးႀကီးတစ္ဦးႏွင့္ ဗိုလ္ႀကီးတစ္ဦး သြားေရာက္ကာ တက္ေရာက္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။ ထိုသို႔ လြတ္လပ္ေရးအခမ္းအနားသို႔ တက္ေရာက္ၿပီး ကားျဖင့္ ျပန္လာစဥ္အခ်ိန္ စက္႐ုံစုရပ္ကြက္အေရာက္တြင္ အမည္မသိလက္နက္ကိုင္အဖြဲ႕က လက္နက္ငယ္မ်ားျဖင့္ ဝိုင္းဝန္းပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆို သည္။
၎ကဲ့သို႔ ပစ္ခတ္ခံရမႈေၾကာင့္ ALP ပါတီမွ ဗိုလ္ခ်ဳပ္ခိုင္စိုးျမအပါအဝင္ (၃)ဦးမွာ ေသဆုံးသြားခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ NP News အေနျဖင့္ ALP ပါတီမွ ဒုတိယဥကၠ႒ျဖစ္သူ ေဒၚေစာျမရာဇာလင္းထံ ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း တစ္စုံတစ္ရာထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳး မရွိေသးေပ။
လက္ရွိတြင္ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ (ALP)သည္ နစကမွ ဖိတ္ေခၚထားသည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲသို႔ တက္ေရာက္ေဆြးေႏြးေနသည့္ ရခိုင္လက္နက္ ကိုင္အဖြဲ႕အစည္းတစ္ခုလည္း ျဖစ္သည္။
ထို႔ျပင္ ALP ပါတီမွ ဒုတိယဗိုလ္မႉးႀကီးခိုင္ေပၚလင္းအပါအဝင္ ပါတီအဖြဲ႕ဝင္ (၁ဝ)ဦးထက္မနည္းကို ရခိုင္လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုျဖစ္ေသာ ULA/AA က ဖမ္း ဆီးထားေၾကာင္း သိရသည္။ ရခိုင္ျပည္နယ္၌ ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္ ႏိုဝင္ဘာလကုန္ပိုင္းတြင္ တပ္မေတာ္ႏွင့္ ရခိုင္လက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္သည့္ ULA/AA တို႔အၾကား ပစ္ခတ္တိုက္ခိုက္မႈမ်ားကို ရပ္စဲထားၿပီး ေဒသအတြင္း၌ တည္ၿငိမ္မႈရွိလာခဲ့ေၾကာင္း ေဒသခံမ်ားက ဆိုေျပာထားမႈမ်ားရွိခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကြာအင်းဆိပ်ကြီးမြို့ရှိ နယ်မြေခံတပ်ဌာနချုပ်များနှင့် ဖာပွန်မြို့နယ်ရှိ လုံခြုံရေးစခန်းတို့ ဝင်ရောက်တိုက်ခိုက်ခံရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ