ပြည်သူများအနေဖြင့် သတင်းတု၊ သတင်းမှားများပေါ်တွင် ယုံကြည်နေခြင်းကြောင့် သတင်းအမှားဖုံးလွှမ်းမှုများရှိနေဟု နစကဝန်ကြီးဆို
ယွန်း (NP News) - ဇွန် ၅
ပြည်သူများအနေဖြင့် သတင်းတု၊ သတင်းမှားများပေါ်တွင် ယုံကြည်နေခြင်းကြောင့် သတင်းအမှားဖုံးလွှမ်းမှုများရှိနေကြောင်း ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ဆိုထားသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၈) ကြိမ်မြောက် အာရှ-ပစိဖိတ် မီဒီယာအစည်းအဝေးပွဲသို့ တက်ရောက်နေသော ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက အင်ဒိုးနီးရှားရှိ TVRI သတင်းဌာနနှင့် အင် တာဗျူးစဥ် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
မီဒီယာသည် နိုင်ငံအတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေပြီး လက်ရှိအချိန်အထိ နိုင်ငံတည် ငြိမ်မှုရရှိရေးအတွက် မီဒီယာအနေဖြင့် ခက်ခက်ခဲခဲ ဆောင်ရွက်နေရကြောင်း ဦးမောင်မောင်အုန်းက ဆို သည်။
“မီဒီယာဟာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ကျွန်တော်တို့ရဲ့နိုင်ငံအနေအထားကို ပြောမယ်ဆိုရင် မီဒီယာကြောင့် နိုင်ငံရဲ့အနေအထားက အခုချိန်အထိ တည်ငြိမ်မှုကိုခက်ခက်ခဲခဲ ဆောင်ရွက်နေရတဲ့ အချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ သတင်းတု သတင်းအမှားတွေ ဖုံးလွှမ်းနေပြီးတော့မှ ကျွန်တော်တို့ရဲ့ ပြည်သူလူထုကလည်း သတင်းအတု သတင်းအမှားတွေအပေါ်မှာ ယုံကြည်သက်ဝင်နေပြီးတော့မှ သူတို့စိတ်ဆန္ဒတွေက သတင်းအမှားတွေပေါ်မှာပဲ အမှောင်ဖုံးလွှမ်းနေတဲ့သဘောမျိုး တွေ့ရတယ်” ဟု ဝန်ကြီး ဦးမောင်မောင်အုန်းက ဆိုသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ပြည်သူများသတင်းမှန်သိရှိစေရေးအတွက် သတင်းများကို ဖြန့်ချီလျက်ရှိသော်လည်း မီဒီယာအနိုင်ကျင့်ခြင်းများကို ခံနေရကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
“နိုင်ငံတော်မီဒီယာအနေနဲ့ သတင်းအမှန်တွေကို အချိန်နဲ့ တပြေးညီ ဖြန့်ချီလျက်ရှိတယ်။ MRTV ရှိမယ်။ အွန်လိုင်းမှာလည်း အင်တာနက်သုံးပြီးတော့မှ သတင်းအမှန်တွေကို အမြဲတမ်း Public ကို သိအောင်လို့ ချပြလေ့ရှိတယ်။ ဒါပေမယ့် ဝမ်းနည်းဖွယ်ရာကောင်းတာက ကျွန်တော်တို့က မီဒီယာအနိုင်ကျင့်ခြင်းခံရတယ်လို့ ပြောရမလားမသိပါဘူး။ ဖေ့ဘုတ်စ်မှာဆိုရင် MRTV ဟာ Followers များတော့ ဖေ့ဘုတ်စ်ကနေ ဖယ်ရှားခြင်းခံရပါတယ်။ ကျန်တဲ့သတင်းအတု သတင်းအမှားတွေ ဖော်ပြတဲ့ မီဒီယာတွေကတော့ တစ်ခါမှ ဖယ်ရှားခြင်းမခံရပါဘူး”ဟု ၎င်းက ဆိုသည်။
သို့ဖြစ်၍ အင်ဒိုနီးရှားနိုင်ငံရှိ TVRI ကဲ့သို့သော မိတ်ဖက်မီဒီယာများအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ မီဒီယာများနှင့်ပေါင်းစည်း၍ သတင်းအမှန်များကို ဖော်ပြပေးနိုင်ရန် ပြန်ကြားရေးဝန်ကြီးက တိုက်တွန်းပြောဆိုထားခဲ့သည်။
ထို့ပြင် လာမည့် အနာဂတ်တွင်လည်း သတင်းတု၊ သတင်းမှားများ လျော့ပါးပြီး သတင်းအမှန်များကို အများဆုံးသိနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းမှ အသိပေးပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သာကေတမြို့နယ်၌ ဓာတ်တိုင်ပေါ်တွင် လျှပ်စစ်ပြင်နေသည့် လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်မှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ