မလေးရှားနိုင်ငံရှိ သံမဏိစက်ရုံတွင် လူကုန်ကူးခိုင်းစေခံနေရသော မြန်မာနိုင်ငံသားများကို ပြန်ကယ်တင်နိုင်ခဲ့ဟု မလေးရှားရဲတပ်ဖွဲ့ပြော
ဂျန်ဇက် (NP News) - ဇွန် ၃
မလေးရှားရဲတပ်ဖွဲ့သည် Puchong ဒေသ သံမဏိစက်ရုံတွင် အတင်းအကြပ်လုပ်အားပေးခိုင်းစေခံနေရသော မြန်မာနိုင်ငံသား(၁၇)ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
ပြန်လည်ကယ်တင်နိုင်ခဲ့သော မြန်မာနိုင်ငံသား(၁၇)ဦးထဲတွင် အသက်(၁၆)နှစ် နှင့် အသက်(၁၇)နှစ်အရွယ်ရှိဆယ်ကျော်သက်(၄)ဦး ပါဝင်ခဲ့ကြောင်းမလေးရှားရဲတပ်ဖွဲ့ကဆိုသည်။ အဆိုပါသံမဏိစက်ရုံတွင် အလုပ်သမားများ လူကုန်ကူးခံနေရကြောင်း သတင်းကို လက်ခံရရှိခဲ့ပြီးနောက် မလေးရှားရဲတပ်ဖွဲ့၊ မလေးရှားအလုပ်သမားဝန်ကြီးဌာန၊ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန မှတာဝန်ရှိသူများသည် ဇွန်လ ၃ ရက်တွင် စီးနင်းရှာဖွေခဲ့ပြီး မြန်မာနိုင်ငံသားများကို ကယ်တင်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။သံမဏိစက်ရုံတွင် လူကုန်ကူးခံထားရပြီး ပြန်လည်ကယ်တင်ပေးခဲ့သော နိုင်ငံခြားသားများထဲတွင်အသက်အကြီးဆုံးအရွယ်က အသက် (၄၈)နှစ်အရွယ်ဖြစ်ကြောင်းသိရသည်။
မလေးရှားရဲတပ်ဖွဲ့ နှင့်နီးစပ်သူတစ်ဦးက "ကနဦးစုံစမ်းစစ်ဆေးမှုတွေအရဆိုရင် သံမဏိစက်ရုံမှာ အတင်းအကြပ်အလုပ်ခိုင်းစေခံနေရသူတွေကို အလုပ်ရှင်က နိုင်ငံကူးလက်မှတ်သိမ်းဆည်းထားတယ်။အဲဒီသူတွေဟာ ဆင်းဆင်းရဲရဲနေထိုင်နေရတယ်။ အန္တရာယ်ရှိတဲ့လုပ်ငန်းတွေမှာအသက်မပြည့်သေးတဲ့လူတွေလည်း ပါဝင်လုပ်ကိုင်နေရတယ်" ဟုပြောသည်။
မလေးရှားရဲတပ်ဖွဲ့သည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံသား(၃၄)ဦးအပြင် ဘင်္ဂလားဒေရှ့်၊ ပါကစ္စတန် နိုင်ငံသားတို့ကို လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုဖြင့်ဖမ်းဆီးထားကြောင်းသိရသည်။ အဆိုပါသံမဏိစက်ရုံတွင် မန်နေဂျာအဖြစ်လုပ်ကိုင်နေသူသည် အသက်(၄၃)နှစ်အရွယ်ရှိ မလေးရှားနိုင်ငံသားတစ်ဦးဖြစ်ပြီး ၎င်းကိုလည်း လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးထားကြောင်း မလေးရှားရဲတပ်ဖွဲ့ကပြောသည်။ မလေးရှားလူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးဖာဒီမာဆက်က လူကုန်ကူးမှုနှင့် ဆက်နွယ်ပြီးဖမ်းဆီးထားသူအားလုံးကို လက်ရှိအချိန်တွင် ဆာဒန်ပြည်နယ်ရဲတပ်ဖွဲ့ ရုံးသို့ ပို့ဆောင်စစ်ဆေးနေကြောင်း ပြောသည်။
၎င်းက " မ်းဆီးထားသူအားလုံးကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုအပြင် အခြားပြစ်မှုများနဲ့ စွဲချက်တင်ထားတယ်" ဟုပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟောင်ကောင်မှာ ကုန်တိုက်တစ်ခုအတွင်း အမျိုးသမီး(၂)ဦးကို အမျိုးသားတစ်ဦးက ဓားနဲ့အကြိမ်ပေါင်းများစွား ထိုးသတ်မှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း