ဟောင်ကောင်မှာ ကုန်တိုက်တစ်ခုအတွင်း အမျိုးသမီး(၂)ဦးကို အမျိုးသားတစ်ဦးက ဓားနဲ့အကြိမ်ပေါင်းများစွား ထိုးသတ်မှုဖြစ်ပွား
ရောင်နီ (NP News) - ဇွန် ၃
ဟောင်ကောင်မှာ သောကြာနေ့(ဇွန်လ ၂ ရက်)က Diamond Hill ရှိ Plaza Hollywood ကုန်တိုက် အတွင်း အမျိုးသမီးနှစ်ဦး ဓားနဲ့အကြိမ်ပေါင်းများစွာ ထိုးသတ်ခံခဲ့ရပါတယ်။
တစ်ချိန်ထဲမှာပဲ ရဲတွေရောက်ရှိလာခြင်းကြောင့် တိုက်ခိုက်သူကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ South China Morning Post (SCMP) မှ ပြောကြားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဒေသစံတော်ချိန် ညနေ ၅ နာရီကျော်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး စီစီတီဗွီတွေမှာဖော်ပြချက်အရ တိုက်ခိုက်မှုကို ပြတ်ပြတ်သားသား မြင်တွေ့ရပါတယ်။ တိုက်ခိုက်မှုဟာ တစ်မိနစ်နီးပါးကြာမြင့်ပြီး အမျိုးသမီးနှစ်ဦးထဲက တစ်ဦးကို တိုက်ခိုက်သူက ဓားနဲ့ အချက်ပေါင်းများစွာ ထိုးခဲ့တာမြင်တွေ့ရပါတယ်။ ၎င်းရဲ့တိုက်ခိုက်မှုကြောင့် ဘေးက အမျိုး သမီးက ကြားဝင်ဖြန်ဖြေဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် သူမဟာလည်း တိုက်ခိုက်ခံရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အဆိုပါ အမျိုးသမီးနှစ်ဦးဟာ အသက် ၂၂ နှစ်နဲ့ အသက် ၂၆ နှစ်အရွယ်ရှိကြတယ်လို့သိရပါတယ်။ ပထမအမျိုးသမီးဟာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဝင်ရောက်ဖြန်ဖြေတဲ့ အမျိုးသမီးကတော့ ဆေးရုံကို ပို့ဆောင်စဉ် သတိလစ်သွားခဲ့ပြီး ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။
တိုက်ခိုက်သူက အဆိုပါ အမျိုးသမီး နှစ်ဦးကို သိရှိခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ အသက် ၃၉ နှစ်အရွယ် တိုက်ခိုက်သူဟာ သောင်းကျန်းမှု မပြုလုပ်ခင် ၁ဝ၀ မိနစ်ခန့်အလိုက ဆိုင်တစ်ဆိုင်မှ အရှည် ၁၅ စင်တီမီတာရှိ ဓားတစ်လက်ဝယ်သွားတာကို တွေ့ရပါတယ်။ နောက်ထပ် ဗီဒီယိုဖိုင်တစ်ခုမှာတော့ ရဲအရာရှိတစ်ဖွဲ့က တိုက်ခိုက်သူကို ဓားပစ်ချဖို့ အမိန့်ပေးခဲ့တာကို တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ အရာရှိတွေက တိုက်ခိုက်သူကို အလျင်စလို တွန်းထုတ်ပြီး ကြမ်းပြင်ပေါ် ကပ်ကာ လက်ထိတ်ခတ်လိုက်တာကို တွေ့ရပါတယ်။ အာဏာပိုင်တွေက ဒီအမှုကို လူသတ်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇွန်လ ၃ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ သတင်းများအား တင်ဆက်ခြင်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း