မိုးခိုနေစဉ် အုတ်တံတိုင်းပြိုကျမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး လူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိမှု တောင်ကြီးတွင်ဖြစ်ပွား
စော (NP News) - ဇွန် ၁
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ မိုးခိုနေစဉ် အုတ်တံတိုင်းပြိုကျမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး လူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မေလ ၃၁ ရက်)၊ ညနေ (၃)နာရီခွဲအချိန်တွင် တောင်ကြီးမြို့၊ အေးသာယာ၊ တောင်ကြီး- ရွှေညောင်ပြည်ထောင်စုလမ်းမကြီး၊ အေးသာယာဂေါက်ကွင်းအနီး၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ အေးသာယာဂေါက်ကွင်းအနီး အုတ်တံတိုင်းဘေးရှိ နားနေဆောင်တွင် အမျိုးသား(၃)ဦးနှင့် အမျိုး သမီး(၁)ဦးတို့ မိုးခိုနေစဉ် အလျား(၄ဝ)ပေ၊ အမြင့်(၁ဝ)ပေခန့်ရှိသော အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အုတ်တံတိုင်းပြိုကျမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အုတ်တံတိုင်းပြိုကျမှုကြောင့် အေးသာယာနယ်မြေ မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးများဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီး ဌာနမှ သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများအား အေးမေတ္တာလူမှုကူညီရေးအသင်းမှ တောင်ကြီးမြို့ရှိ စပ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်အား (၅ ဒသမ ၆) အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် မိုးညှင်းမြို့နယ်တစ်ဝိုက်တွင် ထိခိုက်ပျက်စီးမှုများရှိခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း