ဒုတပ်ချုပ်နှင့် တရုတ်စစ်ဘက်ထောက်လှမ်းရေးညွှန်ချုပ်တို့ နေပြည်တော်၌ တွေ့ဆုံ
မျိုးကြီး (NP News) - မေ ၃ဝ
နစကဒုဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တရုတ်ဗဟိုစစ်ကော်မရှင်၊ ပူးတွဲစစ်ဦးစီးဌာန၊ ခေတ္တစစ်ဘက်ထောက်လှမ်းရေးညွှန်ချုပ် Major General Yang Yang တို့ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
၎င်းတို့သည် ယမန်နေ့(မေလ ၃ဝ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစကမှ ဆိုသည်။
ထို့ပြင် မြန်မာ-တရုတ် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင် ရွက်သွားမည့်အခြေအနေများကိုလည်း ဒုတပ်ချုပ်နှင့် ညွှန်ချုပ်တို့အကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတပ်ချုပ်နှင့်အတူ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးအပါအဝင် တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ပြီး တရုတ်စစ်ဘက်ထောက်လှမ်းရေး ညွှန်ချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူး Senior Colonel Wang Wei အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည့်အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်နှင့် တည်ငြိမ်ရေးတို့အတွက် ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
zawgyi version
ဒုတပ္ခ်ဳပ္ႏွင့္ တ႐ုတ္စစ္ဘက္ေထာက္လွမ္းေရးၫႊန္ခ်ဳပ္တို႔ ေနျပည္ေတာ္၌ ေတြ႕ဆုံ
မ်ိဳးႀကီး (NP News) - ေမ ၃ဝ
နစကဒုဥကၠ႒၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းႏွင့္ တ႐ုတ္ဗဟိုစစ္ေကာ္မရွင္၊ ပူးတြဲစစ္ဦးစီးဌာန၊ ေခတၱစစ္ဘက္ေထာက္လွမ္းေရးၫႊန္ခ်ဳပ္ Major General Yang Yang တို႔ ေတြ႕ဆုံခဲ့ေၾကာင္း သတင္းရရွိသည္။
၎တို႔သည္ ယမန္ေန႔(ေမလ ၃ဝ ရက္) နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမ၌ ေတြ႕ဆုံေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။
ထိုသို႔ေတြ႕ဆုံစဥ္ ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးစြာ ဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာကိစၥရပ္မ်ားကို ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း နစကမွ ဆိုသည္။
ထို႔ျပင္ ျမန္မာ-တ႐ုတ္ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ပူးေပါင္းေဆာင္ ႐ြက္သြားမည့္အေျခအေနမ်ားကိုလည္း ဒုတပ္ခ်ဳပ္ႏွင့္ ၫႊန္ခ်ဳပ္တို႔အၾကား ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
အဆိုပါေတြ႕ဆုံပြဲသို႔ ဒုတပ္ခ်ဳပ္ႏွင့္အတူ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရဲဝင္းဦးအပါအဝင္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ခဲ့ၿပီး တ႐ုတ္စစ္ဘက္ေထာက္လွမ္းေရး ၫႊန္ခ်ဳပ္ႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္စစ္သံမႉး Senior Colonel Wang Wei အပါအဝင္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။
လက္ရွိတြင္ တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံ၌ စီးပြားေရးလုပ္ငန္းမ်ား၊ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးလုပ္ငန္းမ်ားတြင္ ပူးေပါင္းပါဝင္ ေဆာင္႐ြက္လ်က္ရွိသည့္အျပင္ ျမန္မာႏိုင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္ႏွင့္ တည္ၿငိမ္ေရးတို႔အတြက္ ပါဝင္ကူညီေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မေလ ၃ဝ ရက်အတွင်းဖြစ်ပွားခဲ့တဲ့ မြန်မာ့နိုင်ငံရေးသတင်းများနှင့် နိုင်ငံတကာမှသတင်းထူးများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ