မြင်းမူမြို့၌ ဆိုင်ကယ်ဖြင့် မိုင်းသယ်လာစဉ် ပေါက်ကွဲမှုဖြစ်၍ အမျိုးသားနှစ်ဦး သေဆုံး
NP News - မေ ၂၉
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့တွင် ဆိုင်ကယ်ဖြင့် မိုင်းသယ်လာစဉ် ပေါက်ကွဲမှုဖြစ်၍ အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်သည် ယနေ့(မေလ ၂၉ ရက်) ၊ မွန်းလွဲ(၂)နာရီဝန်းကျင်အချိန်တွင် မြင်းမူမြို့၊ (၁၉)လမ်းထိပ်အနီး၌ အထက်ပါကဲ့သို့ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအဖွဲ့အစည်းများထံမှ သိရသည်။
အဆိုပါအမျိုးသားနှစ်ဦးသည် ဆိုင်ကယ်ဖြင့် မိုင်းသယ်လာစဉ် ပေါက်ကွဲမှုကြောင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း သိရသည်။
“စစ်ဆေးတဲ့လူတွေပြောတာတော့ ဆိုင်ကယ်ပေါ်မှာပါလာတဲ့မိုင်းက ပေါက်ကွဲတာလို့ပြောတယ်” ဟုအခင်းဖြစ်ပွားရာနေရာရှိ ဒေသခံတစ်ဦးက NP News ကိုပြောသည်။
အဆိုပါအမျိုးသားနှစ်ဦးသည် အသက်(၃ဝ)ဝန်းကျင်အရွယ်ရှိပြီး လက်ရှိတွင် ၎င်းတို့နှင့်ပတ်သက်သည့် အချက်အလက်များမသိရှိရသေးကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
၎င်းတို့ရုပ်အလောင်းအား မြင်းမူဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
ျမင္းမူၿမိဳ႕၌ ဆိုင္ကယ္ျဖင့္ မိုင္းသယ္လာစဥ္ ေပါက္ကြဲမႈျဖစ္၍ အမ်ိဳးသားႏွစ္ဦး ေသဆုံး
NP News - ေမ ၂၉
စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕တြင္ ဆိုင္ကယ္ျဖင့္ မိုင္းသယ္လာစဥ္ ေပါက္ကြဲမႈျဖစ္၍ အမ်ိဳးသားႏွစ္ဦး ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္သည္ ယေန႔(ေမလ ၂၉ ရက္) ၊ မြန္းလြဲ(၂)နာရီဝန္းက်င္အခ်ိန္တြင္ ျမင္းမူၿမိဳ႕၊ (၁၉)လမ္းထိပ္အနီး၌ အထက္ပါကဲ့သို႔ ေပါက္ကြဲခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံအဖြဲ႕အစည္းမ်ားထံမွ သိရသည္။
အဆိုပါအမ်ိဳးသားႏွစ္ဦးသည္ ဆိုင္ကယ္ျဖင့္ မိုင္းသယ္လာစဥ္ ေပါက္ကြဲမႈေၾကာင့္ အခင္းျဖစ္ပြားရာေနရာတြင္ ေသဆုံးသြားေၾကာင္း သိရသည္။
“စစ္ေဆးတဲ့လူေတြေျပာတာေတာ့ ဆိုင္ကယ္ေပၚမွာပါလာတဲ့မိုင္းက ေပါက္ကြဲတာလို႔ေျပာတယ္” ဟုအခင္းျဖစ္ပြားရာေနရာရွိ ေဒသခံတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါအမ်ိဳးသားႏွစ္ဦးသည္ အသက္(၃ဝ)ဝန္းက်င္အ႐ြယ္ရွိၿပီး လက္ရွိတြင္ ၎တို႔ႏွင့္ပတ္သက္သည့္ အခ်က္အလက္မ်ားမသိရွိရေသးေၾကာင္း ၎ကဆက္လက္ေျပာဆိုထားသည္။
၎တို႔႐ုပ္အေလာင္းအား ျမင္းမူေဆး႐ုံ ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချစ်ပ်တင်ပို့မှု ကန့်သတ်ချက်တွေရပ်တန့်ပေးဖို့ တရုတ်က ဂျပန်ကို တိုက်တွန်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း