အမေရိကန်နဲ့ တင်းမာမှုတွေရှိနေချိန်မှာပဲ တရုတ်နိုင်ငံက အာဆီယံဒေသတွင်းနိုင်ငံများနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်ဖို့ စီစဉ်နေ
ဂျန်ဇက် (NP News) - မေ ၂၉
လာအိုနိုင်ငံနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းလုပ်ဆောင်ခဲ့ပြီးနောက် တရုတ်စစ်တပ်ဟာ အာဆီယံဒေသတွင်းရှိ နိုင်ငံများနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများပိုမိုလုပ်ဆောင်သွားဖို့ စီစဉ်နေကြောင်းသိရပါတယ်။
ဒေသအတွင်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေဖို့ တရုတ်နိုင်ငံက ဦးဆောင်ပြီး အာဆီယံဒေသတွင်းရှိ နိုင်ငံများနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ဖွယ်ရှိနေကြောင်း တရုတ်စစ်ရေးလေ့လာသူများကပြောပါတယ်။ တရုတ်နိုင်ငံက ဦးဆောင်ပြီးပြုလုပ်မယ့် စစ်ရေးလေ့ကျင့်ခန်းများဟာ အာရှ-ပစိဖိတ်ဒေသအတွင်းမှာ စစ်ရေးလေ့ကျင့်ခန်းများ အရှိန်မြင့်လုပ်ဆောင်နေတဲ့ အမေရိကန်နဲ့ ထိပ်တိုက်တွေ့ဆုံဖွယ်ရှိနေကြောင်းသိရပါတယ်။
တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ရဲ့စစ်ဘက်ကိုယ်စားလှယ်များဟာ Aman Youyi-2023 အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်နိုင်ဖို့ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးသွားဖွယ်ရှိနေကြောင်းသိရပါတယ်။ အဆိုပါတွေ့ဆုံချိန်အတွင်း ကျင်းပမယ့်နေရာ၊ အချိန်၊ ကြိုတင်ပြင်ဆင်မှု နဲ့ စစ်ရေးလေ့ကျင့်ခန်းပိုင်းဆိုင်ရာနည်းစနစ်များကို အဓိကထား ဆွေးနွေးသွားဖွယ်ရှိနေကြောင်းသိရပါတယ်။
Aman Youyi အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ၂ဝ၁၄ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် တောင်တရုတ်ပင်လယ်အတွင်း ကျင်းပသွားဖွယ်ရှိနေကြောင်းသိရပါတယ်။ ပေကျင်းအခြေစိုက် School of International Relations and Diplomacy ရဲ့ နိုင်ငံခြားရေးမူဝါဒကျွမ်းကျင်သူ Zhuo Hua က Aman Youyi အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းဟာ ဒေသအတွင်းလုံခြုံရေးအပြင် ပါဝင်မယ့်နိုင်ငံများအတွက်လည်း အပေါင်းလက္ခဆောင်မယ့် အလေ့အကျင့်ကောင်းများရဖွယ်ရှိနေကြောင်း ဆိုပါတယ်။
တရုတ်စစ်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ လာအိုစစ်တပ် နဲ့ Friendship Shield-2023 အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို လုပ်ဆောင်ခဲ့ပြီး အဲဒီစစ်ရေးလေ့ကျင့်ခန်းအစီအစဉ်အတွင်း ကျည်အစစ်ကိုအသုံးပြုပစ်ခတ်ရတဲ့ လေ့ကျင့်ခန်းများပါဝင်ခဲ့ကြောင်းသိရပါတယ်။
zawgyi version
အေမရိကန္နဲ႔ တင္းမာမႈေတြရွိေနခ်ိန္မွာပဲ တ႐ုတ္ႏိုင္ငံက အာဆီယံေဒသတြင္းႏိုင္ငံမ်ားနဲ႔ ပူးတြဲစစ္ေရးေလ့က်င့္ခန္းမ်ားလုပ္ေဆာင္ဖို႔ စီစဥ္ေန
ဂ်န္ဇက္ (NP News) - ေမ ၂၉
လာအိုႏိုင္ငံနဲ႔ ပူးတြဲစစ္ေရးေလ့က်င့္ခန္းလုပ္ေဆာင္ခဲ့ၿပီးေနာက္ တ႐ုတ္စစ္တပ္ဟာ အာဆီယံေဒသတြင္းရွိ ႏိုင္ငံမ်ားနဲ႔ ပူးတြဲစစ္ေရးေလ့က်င့္ခန္းမ်ားပိုမိုလုပ္ေဆာင္သြားဖို႔ စီစဥ္ေနေၾကာင္းသိရပါတယ္။
ေဒသအတြင္း တည္ၿငိမ္ေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ ပိုမိုအားေကာင္းေစဖို႔ တ႐ုတ္ႏိုင္ငံက ဦးေဆာင္ၿပီး အာဆီယံေဒသတြင္းရွိ ႏိုင္ငံမ်ားနဲ႔ ပူးတြဲစစ္ေရးေလ့က်င့္ခန္းမ်ား လုပ္ေဆာင္ဖြယ္ရွိေနေၾကာင္း တ႐ုတ္စစ္ေရးေလ့လာသူမ်ားကေျပာပါတယ္။ တ႐ုတ္ႏိုင္ငံက ဦးေဆာင္ၿပီးျပဳလုပ္မယ့္ စစ္ေရးေလ့က်င့္ခန္းမ်ားဟာ အာရွ-ပစိဖိတ္ေဒသအတြင္းမွာ စစ္ေရးေလ့က်င့္ခန္းမ်ား အရွိန္ျမင့္လုပ္ေဆာင္ေနတဲ့ အေမရိကန္နဲ႔ ထိပ္တိုက္ေတြ႕ဆုံဖြယ္ရွိေနေၾကာင္းသိရပါတယ္။
တ႐ုတ္၊ ကေမာၻဒီးယား၊ လာအို၊ မေလးရွား၊ ထိုင္း၊ ဗီယက္နမ္ႏိုင္ငံတို႔ရဲ႕စစ္ဘက္ကိုယ္စားလွယ္မ်ားဟာ Aman Youyi-2023 အမည္ရွိ စစ္ေရးေလ့က်င့္ခန္းမ်ားျပဳလုပ္ႏိုင္ဖို႔ ပထမဆုံးအႀကိမ္ေတြ႕ဆုံေဆြးေႏြးသြားဖြယ္ရွိေနေၾကာင္းသိရပါတယ္။ အဆိုပါေတြ႕ဆုံခ်ိန္အတြင္း က်င္းပမယ့္ေနရာ၊ အခ်ိန္၊ ႀကိဳတင္ျပင္ဆင္မႈ နဲ႔ စစ္ေရးေလ့က်င့္ခန္းပိုင္းဆိုင္ရာနည္းစနစ္မ်ားကို အဓိကထား ေဆြးေႏြးသြားဖြယ္ရွိေနေၾကာင္းသိရပါတယ္။
Aman Youyi အမည္ရွိ ပူးတြဲစစ္ေရးေလ့က်င့္ခန္းကို ၂ဝ၁၄ ခုႏွစ္ေနာက္ပိုင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ ေတာင္တ႐ုတ္ပင္လယ္အတြင္း က်င္းပသြားဖြယ္ရွိေနေၾကာင္းသိရပါတယ္။ ေပက်င္းအေျခစိုက္ School of International Relations and Diplomacy ရဲ႕ ႏိုင္ငံျခားေရးမူဝါဒကြၽမ္းက်င္သူ Zhuo Hua က Aman Youyi အမည္ရွိ ပူးတြဲစစ္ေရးေလ့က်င့္ခန္းဟာ ေဒသအတြင္းလုံၿခဳံေရးအျပင္ ပါဝင္မယ့္ႏိုင္ငံမ်ားအတြက္လည္း အေပါင္းလကၡေဆာင္မယ့္ အေလ့အက်င့္ေကာင္းမ်ားရဖြယ္ရွိေနေၾကာင္း ဆိုပါတယ္။
တ႐ုတ္စစ္တပ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ လာအိုစစ္တပ္ နဲ႔ Friendship Shield-2023 အမည္ရွိ ပူးတြဲစစ္ေရးေလ့က်င့္ခန္းကို လုပ္ေဆာင္ခဲ့ၿပီး အဲဒီစစ္ေရးေလ့က်င့္ခန္းအစီအစဥ္အတြင္း က်ည္အစစ္ကိုအသုံးျပဳပစ္ခတ္ရတဲ့ ေလ့က်င့္ခန္းမ်ားပါဝင္ခဲ့ေၾကာင္းသိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံယူ(၂၃)ပြိုင်ပွဲကြီးမှာ ထိုင်းအသင်းနဲ့ထိပ်တိုက်တွေ့နေပြီး ရှုံးကြွေးဆပ်နိုင်မလား စောင့်ကြည့်ရမယ့် မြန်မာယူ(၂၃)အသင်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ