Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် မြန်မာ၊ ရုရှား၊ ထိုင်း၊ တရုတ်၊ အိန္ဒိယတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့

ရဲပြည့် (NP News) - မေ ၂၈ 

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား၊ ထိုင်း၊ တရုတ်၊အိန္ဒိယတို့နှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်ပေါ်တိုးတက်မှုများအား သီခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့်  မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေလ ၂၄ ရက် နှင့် ၂၅ ရက်တွင် ရုရှားနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်ပြီးချိန်တွင် အထက်ပါကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယင်းသို့ဆွေးနွေးခဲ့ရာတွင် မေလ ၂၄ ရက်က ထိုင်းနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ထိုင်းနိုင်ငံလုံခြုံ ရေးကောင်စီ၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ရူချာကွန်နာပါပွန်ပီပတ် ၊ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာနီကိုလိုင်ပက်ထရူရှပ်ဗ် ၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို၏အဖွဲ့ဝင်၊ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မတီ၏ ဥက္ကဋ္ဌဖြစ်သည့် မစ္စတာ ချန်ဝမ်ကျင်တို့နှင့်  နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်ချင်းမျှဝေ ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် မေလ ၂၅ ရက်တွင်  အိန္ဒိယသမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အိန္ဒိယနိုင်ငံ၏ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် မစ္စတာ ရာဂျင်ဒါ ခန်နား (H.E. Mr. Rajinder Khanna)နှင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုများ (Bilateral Meeting) ပြုလုပ်ခဲ့ပြီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-အိန္ဒိယနယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်း‌ရေးနှင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်ချင်းမျှဝေဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့်  မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေလ ၂၄ ရက် ညပိုင်းက ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် တတိယအကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲသို့လည်းတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲတွင် ဒေသတွင်းအင်အားကြီးနိုင်ငံများအကြားတင်းမာမှုများ မြင့်တက်လာချိန်တွင် အာရှ- ပစိဖိတ်ဒေသ၏ နိုင်ငံရေးနှင့်လုံခြုံရေးအခြေအနေနှင့် သတင်းအချက်အလက်ဖလှယ်နိုင်မှု တိုးတက်လာစေရေးအတွက် အပြန်အလှန်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သည့်  လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို တုံ့ပြန်နိုင်မည့်အလားအလာများကို ဖော်ထုတ်ခြင်းတို့ကို ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင်  ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက်သည် မေလ ၂၅ ရက်တွင် ရုရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး H.E. Mr. I.N.Zubov နှင့် တွေ့ဆုံခဲ့ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်နိုင်ငံ အတူတကွ ပူးပေါင်းဖြေရှင်းနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


zawgyi version

ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားအေပၚ မြန်မာ၊ ႐ုရွား၊ ထိုင္း၊ တ႐ုတ္၊ အိႏၵိယတို႔ႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့

ရဲျပည့္ (NP News) - ေမ ၂၈ 

ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ ဦးေဆာင္သည့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕သည္ ႐ုရွား၊ ထိုင္း၊ တ႐ုတ္၊အိႏၵိယတို႔ႏွင့္ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ျဖစ္ေပၚတိုးတက္မႈမ်ားအား သီျခားေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။ 

ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ဦးေဆာင္သည့္  ျမန္မာကိုယ္စားလွယ္အဖြဲ႕သည္ ေမလ ၂၄ ရက္ ႏွင့္ ၂၅ ရက္တြင္ ႐ုရွားႏိုင္ငံ၌ က်င္းပခဲ့သည့္ (၁၁)ႀကိမ္ေျမာက္ လုံၿခဳံေရးကိစၥရပ္မ်ားဆိုင္ရာ အဆင့္ျမင့္အရာရွိႀကီးမ်ား အစည္းအေဝးသို႔ တက္ေရာက္ၿပီးခ်ိန္တြင္ အထက္ပါကဲ့သို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ 

ယင္းသို႔ေဆြးေႏြးခဲ့ရာတြင္ ေမလ ၂၄ ရက္က ထိုင္းႏိုင္ငံကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ ထိုင္းႏိုင္ငံလုံၿခဳံ ေရးေကာင္စီ၏ ဒုတိယအေထြေထြအတြင္းေရးမႉးခ်ဳပ္ မစၥတာ ႐ူခ်ာကြန္နာပါပြန္ပီပတ္ ၊ ႐ုရွားလုံၿခဳံေရးေကာင္စီ အတြင္းေရးမႉး မစၥတာနီကိုလိုင္ပက္ထ႐ူရွပ္ဗ္ ၊  တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ တ႐ုတ္ကြန္ျမဴနစ္ပါတီဗဟိုေကာ္မတီ၊ ႏိုင္ငံေရးဗ်ဴ႐ို၏အဖြဲ႕ဝင္၊ ႏိုင္ငံေရးႏွင့္ ဥပေဒေရးရာေကာ္မတီ၏ ဥကၠ႒ျဖစ္သည့္ မစၥတာ ခ်န္ဝမ္က်င္တို႔ႏွင့္  ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးစြာ ပူးေပါင္းေဆာင္႐ြက္ေရးႏွင့္ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ျဖစ္ေပၚတိုးတက္မႈမ်ားအေပၚ အျမင္ခ်င္းမွ်ေဝ ေဆြးေႏြးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။ 

ထို႔ျပင္ ေမလ ၂၅ ရက္တြင္  အိႏၵိယသမၼတႏိုင္ငံ ကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ အိႏၵိယႏိုင္ငံ၏ ဒုတိယအမ်ိဳးသားလုံၿခဳံေရးဆိုင္ရာအႀကံေပးပုဂၢိဳလ္ မစၥတာ ရာဂ်င္ဒါ ခန္နား (H.E. Mr. Rajinder Khanna)ႏွင့္ ႏွစ္ႏိုင္ငံ ေတြ႕ဆုံေဆြးေႏြးမႈမ်ား (Bilateral Meeting) ျပဳလုပ္ခဲ့ၿပီး ျမန္မာ-အိႏၵိယႏွစ္ႏိုင္ငံအၾကား ခ်စ္ၾကည္ရင္းႏွီးစြာပူးေပါင္းေဆာင္႐ြက္ေရး၊ ျမန္မာ-အိႏၵိယနယ္စပ္တစ္ေလွ်ာက္ တည္ၿငိမ္ေအးခ်မ္း‌ေရးႏွင့္ ျမန္မာႏိုင္ငံ၏ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ျဖစ္ေပၚတိုးတက္မႈမ်ားအေပၚ အျမင္ခ်င္းမွ်ေဝေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ဦးေဆာင္သည့္  ျမန္မာကိုယ္စားလွယ္အဖြဲ႕သည္ ေမလ ၂၄ ရက္ ညပိုင္းက ႐ုရွားႏိုင္ငံတြင္ က်င္းပျပဳလုပ္သည့္ တတိယအႀကိမ္ အာဆီယံ-႐ုရွား လုံၿခဳံေရးဆိုင္ရာ အဆင့္ျမင့္အရာရွိႀကီးမ်ား ေဆြးေႏြးပြဲသို႔လည္းတက္ေရာက္ခဲ့ၿပီး ေဆြးေႏြးပြဲတြင္ ေဒသတြင္းအင္အားႀကီးႏိုင္ငံမ်ားအၾကားတင္းမာမႈမ်ား ျမင့္တက္လာခ်ိန္တြင္ အာရွ- ပစိဖိတ္ေဒသ၏ ႏိုင္ငံေရးႏွင့္လုံၿခဳံေရးအေျခအေနႏွင့္ သတင္းအခ်က္အလက္ဖလွယ္ႏိုင္မႈ တိုးတက္လာေစေရးအတြက္ အျပန္အလွန္ညႇိႏႈိင္းေဆာင္႐ြက္ျခင္းႏွင့္ သမား႐ိုးက်ႏွင့္ သမား႐ိုးက်မဟုတ္သည့္  လုံၿခဳံေရးဆိုင္ရာစိန္ေခၚမႈမ်ားကို တုံ႔ျပန္ႏိုင္မည့္အလားအလာမ်ားကို ေဖာ္ထုတ္ျခင္းတို႔ကို ပါဝင္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္  ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ရဲခ်ဳပ္ဗိုလ္ခ်ဳပ္ဇင္မင္းထက္သည္ ေမလ ၂၅ ရက္တြင္ ႐ုရွားႏိုင္ငံ ျပည္ထဲေရးဝန္ႀကီးဌာန၏ ဒုတိယဝန္ႀကီး H.E. Mr. I.N.Zubov ႏွင့္ ေတြ႕ဆုံခဲ့ၿပီး မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးဆိုင္ရာ ကိစၥရပ္မ်ားကို ႏွစ္ႏိုင္ငံ အတူတကြ ပူးေပါင္းေျဖရွင္းႏိုင္ေရးႏွင့္ စပ္လ်ဥ္း၍ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အကြမ်းဖက်အဖွဲ့များနှင့်နယ်စပ်ဖြတ်ကျော်ဂိုဏ်းများ တရားမဝင်ဖြတ်ကျော်မှုအား ပူးပေါင်းတားဆီးရန် မြန်မာ-ဘင်္ဂလားဒေ့ရှ်ဆွေးနွေး

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved