ယဉ်ကျေးမှုးတက္ကသိုလ်(၂)ခု၌ တာဝန်ထမ်းဆောင်ရန် တိုင်းရင်းသားဂီတနှင့် အကနည်းပြရာထူး(၂၇)နေရာအတွက် လျှောက်လွှာများခေါ်ယူ
စော (NP News) - မေ ၂၇
ရန်ကုန်နှင့် မန္တလေး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တို့၌ တာဝန်ထမ်းဆောင်ရန် တိုင်းရင်းသား ဂီတနှင့် အကနည်းပြရာထူး(၂၇)နေရာအတွက် လျှောက်လွှာများခေါ်ယူနေကြောင်း သိရသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဦးစီးဌာနက ယမန်နေ့(မေလ ၂၆ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
မန္တလေးအမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် နည်းပြရာထူး(၁၆)နေရာနှင့် ရန်ကုန်အမျိုး သားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင်လည်း နည်းပြရာထူး(၁၁)နေရာအတွက် လျှောက်ထားနိုင်ကြောင်း သိရသည်။
မန္တလေးနည်းပြ(၁၆)နေရာအနက် ကချင်တိုင်းရင်းသား(ဂီတနှင့် အက)အတွက် (၄)နေရာ၊ ကယားတိုင်းရင်းသား(ဂီတနှင့် အက)အတွက်(၄)နေရာ၊ ချင်းတိုင်းရင်းသား(ဂီတနှင့် အက)အတွက်(၄)နေရာနှင့် ရှမ်းတိုင်းရင်းသား(ဂီတနှင့် အက)အတွက် (၄)နေရာတို့ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်နည်းပြ(၁၁)နေရာအနက် ကရင်တိုင်းရင်းသား(ဂီတနှင့်အက)အတွက် (၄)နေရာ၊ မွန်တိုင်းရင်းသား(ဂီတနှင့်အက)အတွက်(၄)နေရာ၊ ရခိုင်တိုင်းရင်သား(ဂီတနှင့်အက)အတွက်(၃)နေရာတို့ကိုလည်းခေါ်ယူသွားမည်ဖြစ်သည်။
ထို့ကြောင့် လျှောက်ထားလိုသူများအနေဖြင့် ဇူလိုင်လ(၁)ရက်တွင် အသက်(၃၅)ထက်မကြီးရန်လိုကြောင် ထုတ်ပြန်ချက်အရ သိရသည်။
လျှောက်ထားလိုသူများသည် တိုင်းရင်းသား၊ တိုင်းရင်းသူဖြစ်ရန်လိုအပ်ပြီး သက်ဆိုင်ရာတိုင်းရင်း သားရိုးရာ၊ အကနှင့်ဂီတဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပေးနိုင်သူဖြစ်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
အဆိုပါရာထူးအတွက် ရေးဖြေစာမေးပွဲကို ဇူလိုင်က(၁၁)ရက်တွင် စစ်ဆေးသွားမည်ဖြစ်ပြီး အောင်မြင်သူများကိုလည်း လူတွေ့စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
zawgyi version
ယဥ္ေက်းမႈးတကၠသိုလ္(၂)ခု၌ တာဝန္ထမ္းေဆာင္ရန္ တိုင္းရင္းသားဂီတႏွင့္ အကနည္းျပရာထူး(၂၇)ေနရာအတြက္ ေလွ်ာက္လႊာမ်ားေခၚယူ
ေစာ (NP News) - ေမ ၂၇
ရန္ကုန္ႏွင့္ မႏၲေလး အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္တို႔၌ တာဝန္ထမ္းေဆာင္ရန္ တိုင္းရင္းသား ဂီတႏွင့္ အကနည္းျပရာထူး(၂၇)ေနရာအတြက္ ေလွ်ာက္လႊာမ်ားေခၚယူေနေၾကာင္း သိရသည္။
သာသနာေရးႏွင့္ ယဥ္ေက်းမႈဦးစီးဌာနက ယမန္ေန႔(ေမလ ၂၆ ရက္)တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။
မႏၲေလးအမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္တြင္ နည္းျပရာထူး(၁၆)ေနရာႏွင့္ ရန္ကုန္အမ်ိဳး သားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္တြင္လည္း နည္းျပရာထူး(၁၁)ေနရာအတြက္ ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
မႏၲေလးနည္းျပ(၁၆)ေနရာအနက္ ကခ်င္တိုင္းရင္းသား(ဂီတႏွင့္ အက)အတြက္ (၄)ေနရာ၊ ကယားတိုင္းရင္းသား(ဂီတႏွင့္ အက)အတြက္(၄)ေနရာ၊ ခ်င္းတိုင္းရင္းသား(ဂီတႏွင့္ အက)အတြက္(၄)ေနရာႏွင့္ ရွမ္းတိုင္းရင္းသား(ဂီတႏွင့္ အက)အတြက္ (၄)ေနရာတို႔ကို ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ရန္ကုန္နည္းျပ(၁၁)ေနရာအနက္ ကရင္တိုင္းရင္းသား(ဂီတႏွင့္အက)အတြက္ (၄)ေနရာ၊ မြန္တိုင္းရင္းသား(ဂီတႏွင့္အက)အတြက္(၄)ေနရာ၊ ရခိုင္တိုင္းရင္သား(ဂီတႏွင့္အက)အတြက္(၃)ေနရာတို႔ကိုလည္းေခၚယူသြားမည္ျဖစ္သည္။
ထို႔ေၾကာင့္ ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ ဇူလိုင္လ(၁)ရက္တြင္ အသက္(၃၅)ထက္မႀကီးရန္လိုေၾကာင္ ထုတ္ျပန္ခ်က္အရ သိရသည္။
ေလွ်ာက္ထားလိုသူမ်ားသည္ တိုင္းရင္းသား၊ တိုင္းရင္းသူျဖစ္ရန္လိုအပ္ၿပီး သက္ဆိုင္ရာတိုင္းရင္း သား႐ိုးရာ၊ အကႏွင့္ဂီတဘာသာရပ္မ်ားကို စာေတြ႕လက္ေတြ႕သင္ၾကားေပးႏိုင္သူျဖစ္ရန္လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
အဆိုပါရာထူးအတြက္ ေရးေျဖစာေမးပြဲကို ဇူလိုင္က(၁၁)ရက္တြင္ စစ္ေဆးသြားမည္ျဖစ္ၿပီး ေအာင္ျမင္သူမ်ားကိုလည္း လူေတြ႕စစ္ေဆးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘီလာရုစ်နိုင်ငံတွင် ရုရှား၏ နျူကလီးယားလက်နက်များ ဖြန့်ကျက်ချထားခြင်းနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဝေဖန်
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း