မက်ဆီ၏ ဘယ်ခြေထက် စီရော်နယ်ဒို၏ ညာခြေကို ပိုလိုချင်ကြောင်း မန်စီးတီးတိုက်စစ်မှူးဟာလန်းထုတ်ဖော်ပြောဆို
Pika (NP News) - မေ ၂၇
မန်စီးတီးအသင်းတိုက်စစ်မှူးဟာလန်းသည် စီရော်နယ်ဒို၏ညာခြေကို မက်ဆီ၏ဘယ်ခြေထက် ပိုမိုလိုချင်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ဟာလန်းသည် စီရော်နယ်ဒို၏ ညာခြေနှင့် မက်ဆီ၏ဘယ်ခြေ မည်သည့်ခြေထောက်ကို ပိုကြိုက်သလဲဟု မေးခံရချိန်တွင် ယင်းကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဘယ်ခြေကို ပိုမိုအသုံးပြုသော တိုက်စစ်မှူးဟာလန်းသည် မက်ဆီ၏ဘယ်ခြေထက် စီရော်နယ်ဒို၏ ညာခြေမျိုးကို ပိုမိုသဘောကျမိကြောင်းပြောဆိုခဲ့သည်။
ဟာလန်းက "ကျွန်တော့်မှာ အားသန်တဲ့ ဘယ်ခြေရှိနေပြီဆိုတော့ စီရော်နယ်ဒိုရဲ့ ညာခြေကိုပဲယူမှာပါ။ စီရော်နယ်ဒိုရဲ့ ညာခြေနဲ့ မက်ဆီရဲ့ ဘယ်ခြေတို့ဟာ လွန်ခဲ့တဲ့(၁၅)နှစ်အတွင်း အကောင်းဆုံးအရာတွေဖြစ်ခဲ့တာပါ။ စီရော်နယ်ဒိုက Ballon d'Or ဆု(၅)ကြိမ်ရခဲ့ပြီး မက်ဆီက Ballon d'Or ဆု(၇)ကြိမ်ထိရခဲ့တာပါ"ဟုပြောဆိုခဲ့သည်။
ဟာလန်းသည် မန်စီးတီးသို့ရောက်ရှိပြီး ပထမရာသီအတွင်း ခြေစွမ်းပြကစားနိုင်ခြင်းကြောင့် ဘောလုံးအားကစားကလောင်ရှင်များအဖွဲ့က ရွေးချယ်ချီးမြှင့်သော တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့ကြောင်းသိရသည်။ ဟာလန်းသည် လက်ရှိအချိန်တွင် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၄၈)ပွဲကစားထားပြီး (၄၉)ဂိုးသွင်းယူထားသလို ဂိုးဖန်တီးမှု(၈)ကြိမ်အထိ ပြုလုပ်ထားနိုင်ကြောင်းသိရသည်။
zawgyi version
မက္ဆီ၏ ဘယ္ေျခထက္ စီေရာ္နယ္ဒို၏ ညာေျခကို ပိုလိုခ်င္ေၾကာင္း မန္စီးတီးတိုက္စစ္မႉးဟာလန္းထုတ္ေဖာ္ေျပာဆို
Pika (NP News) - ေမ ၂၇
မန္စီးတီးအသင္းတိုက္စစ္မႉးဟာလန္းသည္ စီေရာ္နယ္ဒို၏ညာေျခကို မက္ဆီ၏ဘယ္ေျခထက္ ပိုမိုလိုခ်င္မိေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ဟာလန္းသည္ စီေရာ္နယ္ဒို၏ ညာေျခႏွင့္ မက္ဆီ၏ဘယ္ေျခ မည္သည့္ေျခေထာက္ကို ပိုႀကိဳက္သလဲဟု ေမးခံရခ်ိန္တြင္ ယင္းကဲ့သို႔ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ဘယ္ေျခကို ပိုမိုအသုံးျပဳေသာ တိုက္စစ္မႉးဟာလန္းသည္ မက္ဆီ၏ဘယ္ေျခထက္ စီေရာ္နယ္ဒို၏ ညာေျခမ်ိဳးကို ပိုမိုသေဘာက်မိေၾကာင္းေျပာဆိုခဲ့သည္။
ဟာလန္းက "ကြၽန္ေတာ့္မွာ အားသန္တဲ့ ဘယ္ေျခရွိေနၿပီဆိုေတာ့ စီေရာ္နယ္ဒိုရဲ႕ ညာေျခကိုပဲယူမွာပါ။ စီေရာ္နယ္ဒိုရဲ႕ ညာေျခနဲ႔ မက္ဆီရဲ႕ ဘယ္ေျခတို႔ဟာ လြန္ခဲ့တဲ့(၁၅)ႏွစ္အတြင္း အေကာင္းဆုံးအရာေတြျဖစ္ခဲ့တာပါ။ စီေရာ္နယ္ဒိုက Ballon d'Or ဆု(၅)ႀကိမ္ရခဲ့ၿပီး မက္ဆီက Ballon d'Or ဆု(၇)ႀကိမ္ထိရခဲ့တာပါ"ဟုေျပာဆိုခဲ့သည္။
ဟာလန္းသည္ မန္စီးတီးသို႔ေရာက္ရွိၿပီး ပထမရာသီအတြင္း ေျခစြမ္းျပကစားႏိုင္ျခင္းေၾကာင့္ ေဘာလုံးအားကစားကေလာင္ရွင္မ်ားအဖြဲ႕က ေ႐ြးခ်ယ္ခ်ီးျမႇင့္ေသာ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ရယူႏိုင္ခဲ့ေၾကာင္းသိရသည္။ ဟာလန္းသည္ လက္ရွိအခ်ိန္တြင္ မန္စီးတီးအသင္းအတြက္ ၿပိဳင္ပြဲစုံပြဲေပါင္း(၄၈)ပြဲကစားထားၿပီး (၄၉)ဂိုးသြင္းယူထားသလို ဂိုးဖန္တီးမႈ(၈)ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒီကနေ့ (မေ-၂၇)အတွင်း စိတ်ဝင်စားဖွယ် ပြည်တွင်းပြည်ပသတင်းများ စုစည်းတင်ဆက်ခြင်း
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း