ဘီးလင်းမြို့နယ်၌ ကျေးရွာလုံခြုံရေးကူညီဆောင်ရွက်ပေးသူ၏နေအိမ် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရကာ ကျောင်းသား(၂)ဦး သေဆုံး
NP News - မေ ၂၇
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ကျေးရွာလုံခြုံရေးတွင် ကူညီဆောင်ရွက်ပေးသူ၏ နေအိမ် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး (၇)တန်းကျောင်းသားနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ယနေ့(မေလ ၂၇ ရက်)၊ နံနက်(၈)နာရီခွဲအချိန်ခန့်တွင် ဘီးလင်းမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ ဒေါင်းရွာကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှသိရသည်။
အဆိုပါဖြစ်စဥ်သည် ကျေးရွာလုံခြုံရေးအတွက် ဝိုင်းဝန်းလုပ်ကိုင်ဆောင်ရွက်ပေးနေသည့် ဒေါင်းရွာကျေး ရွာတွင်နေထိုင်သူ စောဘခက်၏နေအိမ်ကို အကြမ်းဖက်အဖွဲ့က ဒရုန်းဖြင့် ဗုံးပစ်ချကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
စောဘခက်သည် ကျေးရွာလုံခြုံရေးအတွက် ဝိုင်းဝန်းလုပ်ကိုင်ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
ထိုသို့ စောဘခက်၏ နေအိမ်အား ဒရုန်းဖြင့် ဗုံးပစ်ချကာ တိုက်ခိုက်ခဲ့မှုကြောင့် နေအိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၎င်း၏ သားဖြစ်သူ (၇)တန်းကျောင်းသား(၂)ဦးသည် ထိခိုက်ဒဏ်ရာများရရှိကာ နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။
zawgyi version
ဘီးလင္းၿမိဳ႕နယ္၌ ေက်း႐ြာလုံၿခဳံေရးကူညီေဆာင္႐ြက္ေပးသူ၏ေနအိမ္ ဒ႐ုန္းျဖင့္ဗုံးႀကဲတိုက္ခိုက္ခံရကာ ေက်ာင္းသား(၂)ဦး ေသဆုံး
NP News - ေမ ၂၇
မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္၌ ေက်း႐ြာလုံၿခဳံေရးတြင္ ကူညီေဆာင္႐ြက္ေပးသူ၏ ေနအိမ္ ဒ႐ုန္းျဖင့္ဗုံးႀကဲတိုက္ခိုက္ခံခဲ့ရၿပီး (၇)တန္းေက်ာင္းသားႏွစ္ဦး ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ေမလ ၂၇ ရက္)၊ နံနက္(၈)နာရီခြဲအခ်ိန္ခန႔္တြင္ ဘီးလင္းၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးကားလမ္းေဘးရွိ ေဒါင္း႐ြာေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးထံမွသိရသည္။
အဆိုပါျဖစ္စဥ္သည္ ေက်း႐ြာလုံၿခဳံေရးအတြက္ ဝိုင္းဝန္းလုပ္ကိုင္ေဆာင္႐ြက္ေပးေနသည့္ ေဒါင္း႐ြာေက်း ႐ြာတြင္ေနထိုင္သူ ေစာဘခက္၏ေနအိမ္ကို အၾကမ္းဖက္အဖြဲ႕က ဒ႐ုန္းျဖင့္ ဗုံးပစ္ခ်ကာတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။
ေစာဘခက္သည္ ေက်း႐ြာလုံၿခဳံေရးအတြက္ ဝိုင္းဝန္းလုပ္ကိုင္ေဆာင္႐ြက္ေပးေနသူတစ္ဦးျဖစ္ေၾကာင္းလည္း သိရသည္။
ထိုသို႔ ေစာဘခက္၏ ေနအိမ္အား ဒ႐ုန္းျဖင့္ ဗုံးပစ္ခ်ကာ တိုက္ခိုက္ခဲ့မႈေၾကာင့္ ေနအိမ္အတြင္း ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ၎၏ သားျဖစ္သူ (၇)တန္းေက်ာင္းသား(၂)ဦးသည္ ထိခိုက္ဒဏ္ရာမ်ားရရွိကာ ေနရာတြင္ပင္ ေသဆုံးသြားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မက်ဆီ၏ ဘယ်ခြေထက် စီရော်နယ်ဒို၏ ညာခြေကို ပိုလိုချင်ကြောင်း မန်စီးတီးတိုက်စစ်မှူးဟာလန်းထုတ်ဖော်ပြောဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း