မြန်မာတိုက်စစ်မှူး ဝင်းနိုင်ထွန်းကို အင်ဒိုနီးရှားကလပ်က အပြီးသတ်ခေါ်ယူ
ဂျန်ဇက် (NP News) - မေ ၂၇
အင်ဒိုနီးရှားကလပ် Borneo FC Samarinda ဟာ ရန်ကုန်ယူနိုက်တက် တိုက်စစ်ကစားသမား ဝင်းနိုင်ထွန်းကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ ဝင်းနိုင်ထွန်းဟာ အင်ဒိုနီးရှားထိပ်သီးလိဂ်ကို သွားရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ပထမဆုံး မြန်မာကစားသမားတစ်ဦးဖြစ်လာခဲ့ကြောင်းသိရပါတယ်။ ဝင်းနိုင်ထွန်းဟာ ၂ဝ၁၈ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ AFF U-19 Youth Championship ပြိုင်ပွဲမှာ ဂိုးအများဆုံးသွင်းယူနိုင်ခဲ့သူဖြစ်ခဲ့သလို ရန်ကုန်ယူနိုက်တက်အသင်းနဲ့အတူ အမှတ်ပေးချန်ပီယံဆုကို ငါးကြိမ်ရယူနိုင်ခဲ့သူဖြစ်ကြောင်းသိရပါတယ်။
အင်ဒိုနီးရှားဟာ ဝင်းနိုင်ထွန်းကိုခေါ်ယူနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့်ပြောင်းရွှေ့ကြေးပမာဏကို အတိအကျသတင်းထုတ်ပြန်ခြင်းမျိုးမရှိခဲ့ပါဘူး။ Borneo FC အသင်းရဲ့ဥက္ကဋ္ဌဖြစ်သူ Nabil Husein က "ဝင်းနိုင်ထွန်းဟာကျွန်တော်တို့ အသင်းကို ပြောင်းရွှေ့လာခဲ့လို့ ဂုဏ်ယူပါတယ်။ လာမယ့်ရာသီမှာအသင်းဟာ တိုက်စစ်အတွက်ရွေးချယ်စရာတွေများသွားပါတယ်"လို့ပြောပါတယ်။
Borneo FC Samarinda အသင်းဟာ ပြီးခဲ့တဲ့ ၂ဝ၂၂-၂ဝ၂၃ ဘောလုံးရာသီမှာ အင်ဒိုနီးရှားအမှတ်ပေးလိဂ် အဆင့် (၄)နေရာမှာရပ်တည်နိုင်တဲ့အသင်းဖြစ်ပါတယ်။ အင်ဒိုနီးရှား ထိပ်သီးအမှတ်ပေးဇယားလိဂ်မှာအသင်းပေါင်း(၁၈)သင်းပါဝင်ယှဉ်ပြိုင်ပြီး အင်ဒိုနီးရှားပြည်တွင်းကစားသမားများအပြင် ပြည်ပနိုင်ငံများရဲ့ ကစားသမားများ ပြောင်းရွှေ့ကစားနေကြောင်းသိရပါတယ်။
zawgyi version
ျမန္မာတိုက္စစ္မႉး ဝင္းႏိုင္ထြန္းကို အင္ဒိုနီးရွားကလပ္က အၿပီးသတ္ေခၚယူ
ဂ်န္ဇက္ (NP News) - ေမ ၂၇
အင္ဒိုနီးရွားကလပ္ Borneo FC Samarinda ဟာ ရန္ကုန္ယူႏိုက္တက္ တိုက္စစ္ကစားသမား ဝင္းႏိုင္ထြန္းကို အၿပီးသတ္ေခၚယူႏိုင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္လိုက္ပါတယ္။
အသက္ ၂၃ ႏွစ္အ႐ြယ္ရွိ ဝင္းႏိုင္ထြန္းဟာ အင္ဒိုနီးရွားထိပ္သီးလိဂ္ကို သြားေရာက္ယွဥ္ၿပိဳင္ခြင့္ရတဲ့ ပထမဆုံး ျမန္မာကစားသမားတစ္ဦးျဖစ္လာခဲ့ေၾကာင္းသိရပါတယ္။ ဝင္းႏိုင္ထြန္းဟာ ၂ဝ၁၈ ခုႏွစ္က အင္ဒိုနီးရွားႏိုင္ငံမွာက်င္းပတဲ့ AFF U-19 Youth Championship ၿပိဳင္ပြဲမွာ ဂိုးအမ်ားဆုံးသြင္းယူႏိုင္ခဲ့သူျဖစ္ခဲ့သလို ရန္ကုန္ယူႏိုက္တက္အသင္းနဲ႔အတူ အမွတ္ေပးခ်န္ပီယံဆုကို ငါးႀကိမ္ရယူႏိုင္ခဲ့သူျဖစ္ေၾကာင္းသိရပါတယ္။
အင္ဒိုနီးရွားဟာ ဝင္းႏိုင္ထြန္းကိုေခၚယူႏိုင္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ေပမယ့္ေျပာင္းေ႐ႊ႕ေၾကးပမာဏကို အတိအက်သတင္းထုတ္ျပန္ျခင္းမ်ိဳးမရွိခဲ့ပါဘူး။ Borneo FC အသင္းရဲ႕ဥကၠ႒ျဖစ္သူ Nabil Husein က "ဝင္းႏိုင္ထြန္းဟာကြၽန္ေတာ္တို႔ အသင္းကို ေျပာင္းေ႐ႊ႕လာခဲ့လို႔ ဂုဏ္ယူပါတယ္။ လာမယ့္ရာသီမွာအသင္းဟာ တိုက္စစ္အတြက္ေ႐ြးခ်ယ္စရာေတြမ်ားသြားပါတယ္"လို႔ေျပာပါတယ္။
Borneo FC Samarinda အသင္းဟာ ၿပီးခဲ့တဲ့ ၂ဝ၂၂-၂ဝ၂၃ ေဘာလုံးရာသီမွာ အင္ဒိုနီးရွားအမွတ္ေပးလိဂ္ အဆင့္ (၄)ေနရာမွာရပ္တည္ႏိုင္တဲ့အသင္းျဖစ္ပါတယ္။ အင္ဒိုနီးရွား ထိပ္သီးအမွတ္ေပးဇယားလိဂ္မွာအသင္းေပါင္း(၁၈)သင္းပါဝင္ယွဥ္ၿပိဳင္ၿပီး အင္ဒိုနီးရွားျပည္တြင္းကစားသမားမ်ားအျပင္ ျပည္ပႏိုင္ငံမ်ားရဲ႕ ကစားသမားမ်ား ေျပာင္းေ႐ႊ႕ကစားေနေၾကာင္းသိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-တရုတ်နှစ်နိုင်ငံရှိ ကုမ္ပဏီ(၂ဝ)နီးပါးက ကုန်သွယ်မှုဆိုင်ရာသဘောတူစာချုပ်(၉)ခုကို လက်မှတ်ရေးထိုး
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း