ဗီယက်နမ်အစိုးရက တောင်တရုတ်ပင်လယ်ရှိ ၎င်းတို့ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာတဲ့ တရုတ်သင်္ဘောများကို အမြန်ဆုံးပြန်ထွက်ခွာဖို့တောင်းဆို
ဂျန်ဇက် (NP News) - မေ ၂၇
ဗီယက်နမ်နိုင်ငံဟာ ၎င်းတို့ရေပိုင်နက်အတွင်းမှ တရုတ်နိုင်ငံရဲ့ရေကြောင်းဆိုင်ရာသုတေသနစစ်တမ်းပြုလုပ်တဲ့သင်္ဘောဖြစ်တဲ့ Xiang Yang Hong 10 နဲ့ အခြားသင်္ဘောများကို ထွက်ခွာသွားဖို့တိုက်တွန်းတောင်းဆိုလိုက်ကြောင်းသိရပါတယ်။
ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Pham Thu Hang က တောင်တရုတ်ပင်လယ်အတွင်းရှိ ဗီယက်နမ်အထူးစီးပွားရေးဇုန်ထဲကို တရုတ်သင်္ဘာများရောက်ရှိလာခဲ့ကြောင်း၊အဲဒီသင်္ဘောတွေကိုဗီယက်နမ် ရေပိုင်နက်အတွင်းက အမြန်ဆုံးပြန်ထွက်ခွာသွားစေလိုကြောင်း ပြောပါတယ်။ ၎င်းက"တရုတ် Xiang Yang Hong 10 နဲ့အတူ အဲဒီသင်္ဘောကို လိုက်ပါစောင့်ရှောက်တဲ့သင်္ဘောတွေ၊ ငါးဖမ်းသင်္ဘောတွေဟာ ဗီယက်နမ် အထူးစီးပွားရေးဇုန် ပိုင်နက်ကိုချိုးဖောက်ဝင်ရောက်လာခဲ့တယ်" လို့ပြောပါတယ်။
ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ တရုတ်သင်္ဘောများ ဝင်ရောက်လာခြင်းနဲ့ပတ်သက်ပြီး နိုင်ငံ တကာဥပဒေ၊ ဗီယက်နမ်နိုင်ငံရဲ့ဥပဒေများအတိုင်းလုပ်ဆောင်သွားမှာဖြစ်ပြီး တရုတ်အာဏာပိုင်များကို ဆက်သွယ်တောင်းဆိုထားကြောင်း ပြောပေါတယ်။ ဗီယက်နမ်အစိုးရက တရုတ်အစိုးရဌာနတွေအနေနဲ့ နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်များတွေ့ဆုံချိန်မှာ ရရှိထားတဲ့ ဘုံသဘောတူညီချက်များကို လိုက်နာဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ရန်လိုမှုများကို ချက်ချင်းအဆုံးသတ်စေလိုကြောင်း၊ အထူးသဖြင့် Xiang Yang Hong 10 နဲ့အတူ အဲဒီသင်္ဘောကို လိုက်ပါစောင့်ရှောက်တဲ့သင်္ဘောတွေ၊ ငါးဖမ်းသင်္ဘောတွေကိုဗီယက်နမ်ရေပိုင်နက်ထဲက အမြန်ဆုံးထွက်ခွာစေလိုပြီး ဗီယက်နမ်နိုင်ငံရဲ့အချုပ်အခြာအာဏာကိုလေးစားလိုက်နာစေလိုကြောင်း တိုက်တွန်းတောင်းဆိုထားပါတယ်။
ဒါ့ပြင် ဖွံ့ဖြုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ငြိမ်းချမ်းရေးတို့ကို ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ပြုလုပ်ထားတဲ့ တောင်တရုတ်ပင်လယ်အတွင်းရှိနိုင်ငံများရဲ့ Declaration on the Conduct (DOC) ကြေညာ ချက်တွေကိုလိုက်နာစေလိုကြောင်း ဗီယက်နမ်အစိုးရကပြောပါတယ်။ တရုတ်နိုင်ငံဟာအာဆီယံနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံ၊ မလေးရှား၊ ဘရူးနိုင်း၊ အင်ဒိုနီးရှား နိုင်ငံတို့နဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ ပိုင်နက်နယ်မြေအငြင်းပွားမှုတွေရှိနေပါတယ်။
zawgyi version
ဗီယက္နမ္အစိုးရက ေတာင္တ႐ုတ္ပင္လယ္ရွိ ၎တို႔ေရပိုင္နက္အတြင္း က်ဴးေက်ာ္ဝင္ေရာက္လာတဲ့ တ႐ုတ္သေဘၤာမ်ားကို အျမန္ဆုံးျပန္ထြက္ခြာဖို႔ေတာင္းဆို
ဂ်န္ဇက္ (NP News) - ေမ ၂၇
ဗီယက္နမ္ႏိုင္ငံဟာ ၎တို႔ေရပိုင္နက္အတြင္းမွ တ႐ုတ္ႏိုင္ငံရဲ႕ေရေၾကာင္းဆိုင္ရာသုေတသနစစ္တမ္းျပဳလုပ္တဲ့သေဘၤာျဖစ္တဲ့ Xiang Yang Hong 10 နဲ႔ အျခားသေဘၤာမ်ားကို ထြက္ခြာသြားဖို႔တိုက္တြန္းေတာင္းဆိုလိုက္ေၾကာင္းသိရပါတယ္။
ဗီယက္နမ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Pham Thu Hang က ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ ဗီယက္နမ္အထူးစီးပြားေရးဇုန္ထဲကို တ႐ုတ္သဘၤာမ်ားေရာက္ရွိလာခဲ့ေၾကာင္း၊အဲဒီသေဘၤာေတြကိုဗီယက္နမ္ ေရပိုင္နက္အတြင္းက အျမန္ဆုံးျပန္ထြက္ခြာသြားေစလိုေၾကာင္း ေျပာပါတယ္။ ၎က"တ႐ုတ္ Xiang Yang Hong 10 နဲ႔အတူ အဲဒီသေဘၤာကို လိုက္ပါေစာင့္ေရွာက္တဲ့သေဘၤာေတြ၊ ငါးဖမ္းသေဘၤာေတြဟာ ဗီယက္နမ္ အထူးစီးပြားေရးဇုန္ ပိုင္နက္ကိုခ်ိဳးေဖာက္ဝင္ေရာက္လာခဲ့တယ္" လို႔ေျပာပါတယ္။
ဗီယက္နမ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနဟာ တ႐ုတ္သေဘၤာမ်ား ဝင္ေရာက္လာျခင္းနဲ႔ပတ္သက္ၿပီး ႏိုင္ငံ တကာဥပေဒ၊ ဗီယက္နမ္ႏိုင္ငံရဲ႕ဥပေဒမ်ားအတိုင္းလုပ္ေဆာင္သြားမွာျဖစ္ၿပီး တ႐ုတ္အာဏာပိုင္မ်ားကို ဆက္သြယ္ေတာင္းဆိုထားေၾကာင္း ေျပာေပါတယ္။ ဗီယက္နမ္အစိုးရက တ႐ုတ္အစိုးရဌာနေတြအေနနဲ႔ ႏွစ္ႏိုင္ငံ အဆင့္ျမင့္ေခါင္းေဆာင္မ်ားေတြ႕ဆုံခ်ိန္မွာ ရရွိထားတဲ့ ဘုံသေဘာတူညီခ်က္မ်ားကို လိုက္နာေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း၊ ရန္လိုမႈမ်ားကို ခ်က္ခ်င္းအဆုံးသတ္ေစလိုေၾကာင္း၊ အထူးသျဖင့္ Xiang Yang Hong 10 နဲ႔အတူ အဲဒီသေဘၤာကို လိုက္ပါေစာင့္ေရွာက္တဲ့သေဘၤာေတြ၊ ငါးဖမ္းသေဘၤာေတြကိုဗီယက္နမ္ေရပိုင္နက္ထဲက အျမန္ဆုံးထြက္ခြာေစလိုၿပီး ဗီယက္နမ္ႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာကိုေလးစားလိုက္နာေစလိုေၾကာင္း တိုက္တြန္းေတာင္းဆိုထားပါတယ္။
ဒါ့ျပင္ ဖြံ႕ျဖဳးတိုးတက္ေရး၊ ပူးေပါင္းေဆာင္႐ြက္ေရးနဲ႔ ၿငိမ္းခ်မ္းေရးတို႔ကို ထိန္းသိမ္းႏိုင္ဖို႔ ရည္႐ြယ္ျပဳလုပ္ထားတဲ့ ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိႏိုင္ငံမ်ားရဲ႕ Declaration on the Conduct (DOC) ေၾကညာ ခ်က္ေတြကိုလိုက္နာေစလိုေၾကာင္း ဗီယက္နမ္အစိုးရကေျပာပါတယ္။ တ႐ုတ္ႏိုင္ငံဟာအာဆီယံႏိုင္ငံေတြျဖစ္တဲ့ ဖိလစ္ပိုင္၊ ဗီယက္နမ္ႏိုင္ငံ၊ မေလးရွား၊ ဘ႐ူးႏိုင္း၊ အင္ဒိုနီးရွား ႏိုင္ငံတို႔နဲ႔ ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ပိုင္နက္နယ္ေျမအျငင္းပြားမႈေတြရွိေနပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ(၃)ဦးထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ