အယ်ရှာဘတ် စစ်သွေးကြွအုပ်စုက ဆိုမာလီယာနိုင်ငံရှိ အာဖရိက ငြိမ်းချမ်းရေးတပ်ဖွဲ့များကို တိုက်ခိုက်
ရောင်နီ (NP News) - မေ ၂၇
ဆိုမာလီယာမှာရှိတဲ့ အာဖရိကသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်ရဲ့ ယူဂန်ဒါစစ်တပ်အခြေစိုက်စခန်းတစ်ခုဟာ အယ်လ်ရှာဘတ် တိုက်ခိုက်ရေးသမားတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်လို့ ဆိုမာလီကပ္ပတိန်တစ်ဦးရဲ့ သောကြာနေ့ (မေလ ၂၇ ရက်) ပြောကြားချက်အရ သိရပါတယ်။
သူပုန်တွေဟာ မြို့တော် မိုဂါဒစ်ရှူး အနောက်တောင်ဘက် ၁၃ဝ ကီလိုမီတာ (မိုင် ၈ဝ) အကွာမှာရှိတဲ့ ဘူလာမာရာရှိ ဆိုမာလီယာ အာဖရိကသမဂ္ဂ အသွင်ကူးပြောင်းရေးမစ်ရှင် (ATMIS) အခြေစိုက်စခန်းကို သောကြာနေ့( မေလ ၂၇ ရက်) က တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်ခံရမှုအတွက် ATMIS ဌာနချုပ်ကနေ တရားဝင် ဆက်သွယ်မှုကို စောင့်ဆိုင်းနေပြီး ATMIS က လုံခြုံရေး အခြေအနေကို အကဲဖြတ်နေတယ်လို့ ယူဂန်ဒါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (UPDF) လက်ထောက်ပြောခွင့်ရှိသူ ဒီအိုအက်ကီကီ က ပြောကြားခဲ့ပါတယ်။
အဆိုပါမစ်ရှင်ဟာ ဆိုမာလီယာမှာရှိတဲ့ AU မစ်ရှင် (AMISOM) ကို အစားထိုးထားတာဖြစ်ပြီး ၂ဝ၂၂ ခုနှစ်ကတည်းက အယ်လ်ကေးဒါးနဲ့ ဆက်နွယ်တဲ့ လက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်ရာမှာ ဆိုမာလီယာအစိုးရကို ကူညီပေးနေတာ ဖြစ်ပါတယ်။ ယင်းအတောအတွင်း အယ်လ်ရှာဘတ်က အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ခြင်းကြောင့် စစ်သား ၁၃၇ ဦး သေဆုံးခဲ့ပါတယ်။ အယ်လ်ရှာဘတ် တိုက်ခိုက်ရေးအဖွဲ့ဟာ ၂ဝဝ၆ ခုနှစ်မှစကာ အစ္စလာမ့်ဥပဒေရဲ့ တင်းကျပ်တဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်အပေါ် အခြေခံပြီး အစိုးရကို ဖြုတ်ချဖို့နဲ့ ၄င်းတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ထူထောင်ဖို့အတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက သမ္မတ ဟက်ဆန်ရှစ်ခ်မိုဟာမတ် ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ပြင်းထန်တဲ့ အစိုးရထိုးစစ်တစ်ခု စတင်ခဲ့ပြီး အဆိုပါ အုပ်စုရဲ့ ထိန်းချုပ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အယ်လ်ရှာဘတ်ဟာ အစိုးရ၊ စီးပွားရေးနဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
zawgyi version
အယ္ရွာဘတ္ စစ္ေသြးႂကြအုပ္စုက ဆိုမာလီယာႏိုင္ငံရွိ အာဖရိက ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕မ်ားကို တိုက္ခိုက္
ေရာင္နီ (NP News) - ေမ ၂၇
ဆိုမာလီယာမွာရွိတဲ့ အာဖရိကသမဂၢၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈမစ္ရွင္ရဲ႕ ယူဂန္ဒါစစ္တပ္အေျခစိုက္စခန္းတစ္ခုဟာ အယ္လ္ရွာဘတ္ တိုက္ခိုက္ေရးသမားေတြရဲ႕ တိုက္ခိုက္ျခင္းကို ခံခဲ့ရတယ္လို႔ ဆိုမာလီကပၸတိန္တစ္ဦးရဲ႕ ေသာၾကာေန႔ (ေမလ ၂၇ ရက္) ေျပာၾကားခ်က္အရ သိရပါတယ္။
သူပုန္ေတြဟာ ၿမိဳ႕ေတာ္ မိုဂါဒစ္ရႉး အေနာက္ေတာင္ဘက္ ၁၃ဝ ကီလိုမီတာ (မိုင္ ၈ဝ) အကြာမွာရွိတဲ့ ဘူလာမာရာရွိ ဆိုမာလီယာ အာဖရိကသမဂၢ အသြင္ကူးေျပာင္းေရးမစ္ရွင္ (ATMIS) အေျခစိုက္စခန္းကို ေသာၾကာေန႔( ေမလ ၂၇ ရက္) က တိုက္ခိုက္ခဲ့ပါတယ္။ တိုက္ခိုက္ခံရမႈအတြက္ ATMIS ဌာနခ်ဳပ္ကေန တရားဝင္ ဆက္သြယ္မႈကို ေစာင့္ဆိုင္းေနၿပီး ATMIS က လုံၿခဳံေရး အေျခအေနကို အကဲျဖတ္ေနတယ္လို႔ ယူဂန္ဒါျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (UPDF) လက္ေထာက္ေျပာခြင့္ရွိသူ ဒီအိုအက္ကီကီ က ေျပာၾကားခဲ့ပါတယ္။
အဆိုပါမစ္ရွင္ဟာ ဆိုမာလီယာမွာရွိတဲ့ AU မစ္ရွင္ (AMISOM) ကို အစားထိုးထားတာျဖစ္ၿပီး ၂ဝ၂၂ ခုႏွစ္ကတည္းက အယ္လ္ေကးဒါးနဲ႔ ဆက္ႏြယ္တဲ့ လက္နက္ကိုင္အဖြဲ႕ကို တိုက္ခိုက္ရာမွာ ဆိုမာလီယာအစိုးရကို ကူညီေပးေနတာ ျဖစ္ပါတယ္။ ယင္းအေတာအတြင္း အယ္လ္ရွာဘတ္က အေသခံ ဗုံးခြဲတိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့ျခင္းေၾကာင့္ စစ္သား ၁၃၇ ဦး ေသဆုံးခဲ့ပါတယ္။ အယ္လ္ရွာဘတ္ တိုက္ခိုက္ေရးအဖြဲ႕ဟာ ၂ဝဝ၆ ခုႏွစ္မွစကာ အစၥလာမ့္ဥပေဒရဲ႕ တင္းက်ပ္တဲ့ အဓိပၸာယ္ ဖြင့္ဆိုခ်က္အေပၚ အေျခခံၿပီး အစိုးရကို ျဖဳတ္ခ်ဖို႔နဲ႔ ၄င္းတို႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ထူေထာင္ဖို႔အတြက္ တိုက္ပြဲဝင္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ၾသဂုတ္လက သမၼတ ဟက္ဆန္ရွစ္ခ္မိုဟာမတ္ ေ႐ြးေကာက္ပြဲ အႏိုင္ရၿပီးေနာက္ ျပင္းထန္တဲ့ အစိုးရထိုးစစ္တစ္ခု စတင္ခဲ့ၿပီး အဆိုပါ အုပ္စုရဲ႕ ထိန္းခ်ဳပ္မႈေတြကို က်ယ္က်ယ္ျပန္႔ျပန္႔ ဖ်က္ဆီးႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အယ္လ္ရွာဘတ္ဟာ အစိုးရ၊ စီးပြားေရးနဲ႔ စစ္ဘက္ဆိုင္ရာ ပစ္မွတ္ေတြကို ျပင္းထန္တဲ့ တိုက္ခိုက္မႈေတြ ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရခိုင်ပြည်နယ်ရှိ တောင်သူများအတွက် ထွန်စက်(၃၃)စီးနှင့် ဆက်စပ်ကိရိယာများ ပြည်ထောင်စုအစိုးရ အဖွဲ့ပို့ဆောင်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ