ကျောင်းအပ်နှံသည့် (၄)ရက်တာကာလအတွင်း ကျောင်းသား/သူ (၁၂)သန်းကျော် အပ်နှံထားပြီး ပြီးခဲ့သည့်နှစ်ထက် (၇)သန်းကျော်ပိုမိုနေ
စော (NP News) - မေ ၂၇
၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသည့် (၄)ရက်တာကာလအတွင်း ကျောင်းသား၊ ကျောင်းသူ (၁၂)သန်းကျော်အပ်နှံထားပြီး ပြီးခဲ့သည့် နှစ်ထက် (၇)သန်းကျော် ပိုမိုအပ်နှံထားကြောင်း နစက၏သတင်းအချက်အလက်များအရ သိရသည်။
ကျောင်းအပ်လက်ခံသည့် စတုတ္ထရက်ဖြစ်သည့် ယမန်နေ့(မေလ ၂၆ ရက်)တွင် တိုင်းနှင့်ပြည်နယ်အသီး သီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ လာရောက် ကျောင်းအပ်နှံသူဦးရေ (၄၇၆ဝ၆၄၂)ဦး ရှိခဲ့ကြောင်း သိရသည်။
အလားတူ ပထမရက်မှ တတိယရက်ဖြစ်သည့် မေလ(၂၃)ရက်မှ မေလ(၂၅)ရက်အထိ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ လာရောက်ကျောင်းအပ်နှံသူဦးရေ (၇၈၂၆၈၅၁)ဦး ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကျောင်းအပ်လက်ခံသည် လေးရက်တာကာလအတွင်း လာရောက်ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူဦးရေသည် (၁၂၅၈၇၄၉၃)ဦး ထိရှိလာပြီဖြစ်ကြောင်း နစက၏အချက်အလက်များအရ သိရသည်။
ပြီးခဲ့သော (၂ဝ၂၂-၂ဝ၂၃)ပညာသင်နှစ်တွင် ကျောင်းအပ်လက်ခံသည့် မေလ(၂၆)ရက်မှ ဇွန်လ(၁)ရက်အထိ လာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူဦးရေသည် (၅၆ဝ၉၆၇၆)ဦးသာရှိခဲ့ကြောင်း နစက၏သတင်းအချက်အလက်ရသိရသည်။
ထို့ကြောင့် ယခုနှစ်ကျောင်းအပ်နှံသည် ကျောင်းသား၊ ကျောင်းသူဦးရေသည် ယခင်နှစ်ထက် ပိုမိုများပြားကာ (၇)သန်းကျော် ပိုမိုအပ်နှံထားကြောင်း အချက်အလက်များအရ သိရသည်။
ကျောင်းများကို ဇွန်လ(၁)ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံခြင်းများကို မေလ(၂၃)ရက်မှ မေလ(၃၁)ရက်အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
zawgyi version
ေက်ာင္းအပ္ႏွံသည့္ (၄)ရက္တာကာလအတြင္း ေက်ာင္းသား/သူ (၁၂)သန္းေက်ာ္ အပ္ႏွံထားၿပီး ၿပီးခဲ့သည့္ႏွစ္ထက္ (၇)သန္းေက်ာ္ပိုမိုေန
ေစာ (NP News) - ေမ ၂၇
၂ဝ၂၃-၂ဝ၂၄ ပညာသင္ႏွစ္အတြက္ ေက်ာင္းအပ္ႏွံသည့္ (၄)ရက္တာကာလအတြင္း ေက်ာင္းသား၊ ေက်ာင္းသူ (၁၂)သန္းေက်ာ္အပ္ႏွံထားၿပီး ၿပီးခဲ့သည့္ ႏွစ္ထက္ (၇)သန္းေက်ာ္ ပိုမိုအပ္ႏွံထားေၾကာင္း နစက၏သတင္းအခ်က္အလက္မ်ားအရ သိရသည္။
ေက်ာင္းအပ္လက္ခံသည့္ စတုတၳရက္ျဖစ္သည့္ ယမန္ေန႔(ေမလ ၂၆ ရက္)တြင္ တိုင္းႏွင့္ျပည္နယ္အသီး သီးရွိ အေျခခံပညာေက်ာင္းမ်ား၊ ကိုယ္ပိုင္ေက်ာင္းမ်ားႏွင့္ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ား၌ လာေရာက္ ေက်ာင္းအပ္ႏွံသူဦးေရ (၄၇၆ဝ၆၄၂)ဦး ရွိခဲ့ေၾကာင္း သိရသည္။
အလားတူ ပထမရက္မွ တတိယရက္ျဖစ္သည့္ ေမလ(၂၃)ရက္မွ ေမလ(၂၅)ရက္အထိ တိုင္းႏွင့္ျပည္နယ္အသီးသီးရွိ အေျခခံပညာေက်ာင္းမ်ား၊ ကိုယ္ပိုင္ေက်ာင္းမ်ားႏွင့္ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ား၌ လာေရာက္ေက်ာင္းအပ္ႏွံသူဦးေရ (၇၈၂၆၈၅၁)ဦး ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေက်ာင္းအပ္လက္ခံသည္ ေလးရက္တာကာလအတြင္း လာေရာက္ေက်ာင္းအပ္ႏွံသည့္ ေက်ာင္းသား၊ ေက်ာင္းသူဦးေရသည္ (၁၂၅၈၇၄၉၃)ဦး ထိရွိလာၿပီျဖစ္ေၾကာင္း နစက၏အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့ေသာ (၂ဝ၂၂-၂ဝ၂၃)ပညာသင္ႏွစ္တြင္ ေက်ာင္းအပ္လက္ခံသည့္ ေမလ(၂၆)ရက္မွ ဇြန္လ(၁)ရက္အထိ လာေရာက္အပ္ႏွံသည့္ ေက်ာင္းသား၊ ေက်ာင္းသူဦးေရသည္ (၅၆ဝ၉၆၇၆)ဦးသာရွိခဲ့ေၾကာင္း နစက၏သတင္းအခ်က္အလက္ရသိရသည္။
ထို႔ေၾကာင့္ ယခုႏွစ္ေက်ာင္းအပ္ႏွံသည္ ေက်ာင္းသား၊ ေက်ာင္းသူဦးေရသည္ ယခင္ႏွစ္ထက္ ပိုမိုမ်ားျပားကာ (၇)သန္းေက်ာ္ ပိုမိုအပ္ႏွံထားေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။
ေက်ာင္းမ်ားကို ဇြန္လ(၁)ရက္တြင္ စတင္ဖြင့္လွစ္မည္ျဖစ္ၿပီး ေက်ာင္းအပ္ႏွံျခင္းမ်ားကို ေမလ(၂၃)ရက္မွ ေမလ(၃၁)ရက္အထိ လက္ခံေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပိုင်တံခွန်က ‘Rent Boy’ ဇာတ်ကားမှာ Miss Grand Cambodia 2022 သရဖူရရှိထားတဲ့ မင်းသမီးနဲ့တွဲဖက်သရုပ်ဆောင်မယ်
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း