ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် ဆရာဝန်တစ်ဦး နေအိမ်အတွင်း ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား
NP News - ဒီဇင်ဘာ ၂၉
ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ ရွှေသွားဆေးခန်းမှ ဆရာဝန်သည် နေအိမ်အတွင်း ကြိုးဆွဲချအဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ (၂၈) ရက်၊ ည(၈)နာရီအချိန်ခန့်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်း၊ အမှတ်(၁၁)ရပ်ကွက်၊ ဗိုလ်ရွှေဗျိုင်းလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း မေတ္တာသင်္ဂဟနာ ရေးကူညီမှုအသင်းထံမှ သိရသည်။
“ကျွန်တော်တို့ အလောင်းကိုတော့ မြောက်ဥက္ကလာဆေးရုံကို ပို့ပေးခဲ့ပါတယ်။ လူ သတ်မှုမဟုတ်ပါဘူး။ suicide လုပ်တာပါ။ ကျွန်တော်တို့ကို ရဲအကြောင်းကြားလို့ သွားတာပါ။ သူ့အိပ်ခန်းထဲမှာ ကြိုးဆွဲချပြီး အဆုံးစီရင်တာပေါ့။ အဲ့ဒါကိုသူ့မိသားစုက ဖြုတ်ချပြီး အကြောင်းကြားလို့ ကူညီခဲ့တာပါ” ဟု မေတ္တာသင်္ဂဟနာရေး ကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးခဲ့သူမှာ ဒေါက်တာအောင်မျိုးဟိန်းဖြစ်ပြီး ၎င်းအား နာရေးကူညီမှုအသင်းမှ မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပဲခူးတိုင်း၊ ပေါင်းတည်မြို့၊ ပန်းတင်ဘုန်းကြီး ကျောင်းရှိ ကျောင်းထိုင်ဆရာတော်တစ်ပါး ကြိုးဆွဲချအဆုံးစီရင်ခဲ့သည်။
zawgyi version
ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းတြင္ ဆရာဝန္တစ္ဦး ေနအိမ္အတြင္း ႀကိဳးဆြဲခ်အဆုံးစီရင္မႈျဖစ္ပြား
NP News - ဒီဇင္ဘာ ၂၉
ဒဂုံၿမိဳ႕သစ္ အေရွ႕ပိုင္းရွိ ေ႐ႊသြားေဆးခန္းမွ ဆရာဝန္သည္ ေနအိမ္အတြင္း ႀကိဳးဆြဲခ်အဆုံးစီရင္မႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ဒီဇင္ဘာလ (၂၈) ရက္၊ ည(၈)နာရီအခ်ိန္ခန႔္တြင္ ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္း၊ အမွတ္(၁၁)ရပ္ကြက္၊ ဗိုလ္ေ႐ႊဗ်ိဳင္းလမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း ေမတၱာသဂၤဟနာ ေရးကူညီမႈအသင္းထံမွ သိရသည္။
“ကြၽန္ေတာ္တို႔ အေလာင္းကိုေတာ့ ေျမာက္ဥကၠလာေဆး႐ုံကို ပို႔ေပးခဲ့ပါတယ္။ လူ သတ္မႈမဟုတ္ပါဘူး။ suicide လုပ္တာပါ။ ကြၽန္ေတာ္တို႔ကို ရဲအေၾကာင္းၾကားလို႔ သြားတာပါ။ သူ႔အိပ္ခန္းထဲမွာ ႀကိဳးဆြဲခ်ၿပီး အဆုံးစီရင္တာေပါ့။ အဲ့ဒါကိုသူ႔မိသားစုက ျဖဳတ္ခ်ၿပီး အေၾကာင္းၾကားလို႔ ကူညီခဲ့တာပါ” ဟု ေမတၱာသဂၤဟနာေရး ကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေသဆုံးခဲ့သူမွာ ေဒါက္တာေအာင္မ်ိဳးဟိန္းျဖစ္ၿပီး ၎အား နာေရးကူညီမႈအသင္းမွ ေျမာက္ဥကၠလာေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း ပဲခူးတိုင္း၊ ေပါင္းတည္ၿမိဳ႕၊ ပန္းတင္ဘုန္းႀကီး ေက်ာင္းရွိ ေက်ာင္းထိုင္ဆရာေတာ္တစ္ပါး ႀကိဳးဆြဲခ်အဆုံးစီရင္ခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်မှစတင်ကျင်းပမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း